၃၇ ။ ဂန်းစတားကိုကို

Start from the beginning
                                    

အချစ်သည် ပုံမှန်အားဖြင့် လူသားတစ်ယောက်၏ ရင်ခုန်မြန်ခြင်းနှင့် စတင်သည်။ လူတိုင်းတွင် နှလုံးသားကိုလှုပ်ခတ်စေသော အချိန်တစ်ခုခု တွေ့တတ်ကြသည်။ ဖုန်းခေါ်ဆိုမှုတစ်ခု၊ အပြုံးတစ်ပွင့်၊ မိုးရွာနေသည့်နေ့တစ်နေ့တွင် ကမ်းပေးလာသော ထီးတစ်ချောင်း ဒါမှမဟုတ် ဆောင်းရာသီတွင် အငွေ့‌တထောင်းထောင်းထနေသော ခပ်နွေးနွေး ရေနွေးကြမ်းတစ်ခွက် ဖြစ်နိုင်သည်။

ကျန်းတာ့တျောင်း ပထမဆုံး အသားတုံးကို ကျောင်းချီပန်းကန်ထဲ ထည့်ပေးချိန် ကျောင်းချီ ဤအမျိုးသားကို ရုတ်တရက် ချစ်ကျွမ်းဝင်သွားခဲ့သည်။ ကလေးဘဝတည်းကစပြီး အရွယ်ရောက်ချိန်ထိ ဒီမစ္စတာတာ့တျောင်းသာလျှင် သူ့အား ကိုယ်တိုင်ကိုယ်ကျ အသားကင်ပေးသည့် တစ်ဦးတည်းသောလူဖြစ်ခဲ့သည်။ ဒီပျော်ရွှင်မှုက ကျောင်းချီ အမြဲ တောင့်တခဲ့သော်ငြား မရနိုင်ခဲ့သည့် အရာပင်။

သူ အလယ်တန်းတက်နေစဉ်က ကိုရီးယားနိုင်ငံ၏ အသားကင်သည် အင်မတန်နာမည်ကြီးလာခဲ့သည်။ နေ့တိုင်း ကျောင်းဆင်းပြီးနောက် ကျောင်းချီ ဘာဘီကျူးဆိုငိဘေးကနေ ဖြတ်ရ၏။ သူ မှန်ပြတင်းပေါက်မှတစ်ဆင့် လူများ အသားကင်စားနေသည်ကို မြင်နိုင်သည်။ ပုံမှန်အားဖြင့် မိဘများက သူတို့ကလေးများကို ထိုနေရာဆီ ခေါ်သွားကြသည်ကို မြင်ခဲ့သည်။ မိဘများက အသားကင်ကြပြီး ကလေးများက စားကြ၏။

ကျောင်းချီ တစ်ခါတစ်ရံ မနေနိုင်ဖြစ်ကာ တခြားမိဘများ သူတို့ကလေးကိုမည်သို့စောင့်ရှောက်လဲ ရပ်မကြည့်ဘဲမနေနိုင်တော့ပေ။ နောက်ပိုင်း သူ သူ့အဖေကို အသားကင်စားချင်သည်ဟု ပြောလိုက်တော့ ကျောင်းကျို့ရန်က ကိုရီးယားမှလျှပ်စစ်ဒယ်ပြားတစ်ခုဝယ်ရန် လူတစ်ယောက်အား ခိုင်းခဲ့သည်။ ပစ္စည်းအထုတ်ဖြေပြီးသည့်နောက် ကလေးထိန်းက အသုံးပြုရန် ဒုက္ခများလွန်း၍ သူ့အတွက်မကင်ပေးဟု ပြောလာသည်။ ကျောင်းချီဘာမှမပြောခဲ့ဘဲ မည်သို့ပင်ဖြစ်ဖြစ် သူတကယ်လည်း အသားကင်ကိုမစားချင်ဟု တွေးခဲ့သည်။

တစ်နေ့ သူ့ကျောင်းကို စာမေးပွဲခန်းမအဖြစ် ပြောင်းလိုက်ရ၍ အိမ်ကိုစောစောပြန်လာခဲ့ရသည်။ သူ့ကလေးထိန်းနှင့် သူမသားက ထိုဒယ်ပြားကိုသုံးကာ ဝက်သားကင်နေသည်ကိုမြင်ချိန်တွင်တော့ ရုတ်တရက် စတင်ငိုမိခဲ့လေ၏။

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now