၃၄ ။ ဂန်းစတားကိုကို

Start from the beginning
                                    

Golden retriever လေးမှာ မကြာခင် ခေါ်ဆောင်လာခံရသည်။ သူ ဥက္ကဌ၏ ကျယ်ဋန်းသော ရုံးခန်းထဲတွင် နေရာလုံခြုံသလား သေချာစေရန် ဟိုဟိုဒီဒီသွားပြီးနောက် ပျော်ရွှင်စွာ စတင်ကစားတော့သည်။ Golden retriever အကြီးများသည် အင်မတန် သိမ်မွေ့သော်ငြား ငယ်စဉ်အခါတွင် ဆိုးကာ အင်မတန် သောင်းကြမ်းသည်။

"ဒုန်း.. ဒုန်း... ဘုံး!"
ကျန်းချန်ဖေး သူ့စီးပွားဖက်နှင့် ဗီဒီယိုအစည်းအဝေးလုပ်နေစဉ် ပစ္စည်းကျသည့် ဆူညံသံများ ထွက်လာသည်။


"ဘာဖြစ်တာလဲဗျ" ဗီဒီယိုထဲမှ အမှုဆောင်က စကားမပြောတော့ဘဲ စိုးရိမ်တကြီး မေးလေသည်။

"ကျုပ်ကောင်လေးက သိပ်ဆိုးသဗျ၊ ခဏနော်"
ကျန်းချန်ဖေးက ပါပီလေးဖွထားသည့် အမှိုက်များကိုရှင်းရန် အတွင်းရေးမှူးကို ခေါ်ပြီးနောက် ကောင်လေးကိုရင်ခွင်ထဲထည့်ကာ ကွန်ပျူတာဆီ ပြန်လျှောက်လာခဲ့သည်။

"မစ္စတာကျန်း၊ ခင်ဗျားမှာ ကလေးရှိတယ်လား"
ဗီဒီယိုထဲမှ အမှုဆောင်သည် ဤကဲ့သို့သတင်းကြီးအကြောင်း မီဒီယာသတင်းပေးပို့ချက်မရှိ၍ အံ့ဩသွားခဲ့သည်။

ဘော့စ်မှာ ပြန်ထိုင်ချကာ golden retriever လေးအား ပေါင်ပေါ်တွင် တင်လိုက်သည်။ တက်ကြွသောကောင်ကလေးသည် စားပွဲအစွန်းပေါ် လက်ထောက်ပြီး ထရပ်ကာ ဗီဒီယိုထဲတွင် သူ့အမွှေးထူထူ ခေါင်းတစ်ဝက်ကို ပြ‌သလေ၏။

"..."

တကယ်ကို ကောင်ကလေးပဲ။


ကောင်လေးမှာ ဂနာမငြိမ်လွန်း၍ အလုပ်တွင် အာရုံမစိုက်နိုင်တော့သောကြောင့် ကျန်းချန်ဖေး အတွင်းရေးမှူးအား သူ့ကို ထိန်းရန် အားမည့် တစ်စုံတစ်ယောက် ရှာခိုင်းလိုက်သည်။


"အားတဲ့သူတစ်ယောက်ယောက်လား" အတွင်းရေးမှူး ဆွံ့အသွားသည်။ ရှီးဖေးသည်  လစာမြင့်များကို ကမ်းလှမ်း၍ လူအားလုံးသည် အမြဲ အလုပ်ရှုပ်နေတတ်ကြသည်။ သူ ဘယ်သူ့ကိုရှာရှာ ထိုလူအား အနေရခက်သည့်အခြေအနေဖြစ်စေလိမ့်မည်။ သူ HR ဌာနကို ခေါ်လိုက်ရသော်ငြား HR ဌာနသည် အလုပ်သင်တစ်ချို့ ခန့်ထားကာစဖြစ်၍ တစ်ယောက် ငှားလို့ရသည်။

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now