၃၁ ။ ဂန်းစတားကိုကို

Start from the beginning
                                    

ကျောင်းချီ တံတွေးမြိုချလိုက်ကာ ဒီရှက်စရာစာသားသည် ပွန်းထဲတွင် သရုပ်ဆောင်နေသည်ဟု ခံစားရစေသည်။

ဂန်းစတားဘော့စ်သည် သူ့အင်္ကျီများကိုချွတ်လိုက်ပြီး သူ့ချစ်ဇနီးလေးကိုပါ ဆွဲချွတ်ရန် ပြင်လေသည်။

"ဝုတ်!" ကွမ်ကျုံးက သူ့အဖေ တစ်စုံတစ်ရာတူးနေသည်ဟု ထင်ကာ စိတ်လှုပ်ရှားစွာခုန်တက်ပြီး ဖင်လေးထောင်လျက် ကျောင်းချီ ခါးပတ်ကို ခပ်ကြမ်းကြမ်းကိုက်ဆွဲတော့သည်။

"..."

"..."

ကျန်းချန်ဖေး ကွမ်ကျုံးကို လက်တစ်ဖက်ဖြင့် မလိုက်ကာ လည်ကုတ်မှကိုင်ထားလိုက်ည်။ ဖြူစင်ကာ အပြစ်ကင်းသော အနက်ရောင်မျက်လုံးဝိုင်းကြီးများသည် သူ့ကိုကြည့်နေ၏။

သူ့တွင်ကျန်ရှိသော အသိတရားအနည်းငယ်နှင့် ဂန်းစတားဘော့စ်သည် ဒီလိုအပြုအမူမျိုး ကလေးတစ်ယောက်ရှေ့တွင် မလုပ်သင့်ကြောင်း သူ့ကိုယ်သူပြောနေရသည်!

ဒီလိုနှင့်ပင် ဂန်းစတားမင်းသားလေးကျေးဇူးကြောင့် ချစ်ဇနီးလေးသည် သူ၏ “ရက်စက်သော ဆက်ဆံမှု ပြစ်ဒဏ်” မှ လွတ်မြောက်သွားနိုင်ခဲ့သည်။

ကျန်းချန်ဖေး သူ့သား၏ အမွေးပွပွ တင်ပါးကို လှမ်းပုတ်လိုက်သည်။
ကလေးငယ်တစ်ယောက်က မိဘတွေရဲ့ ညဘက်‌နေထိုင်မှုအရည်အသွေးကို လျှော့ချပစ်တယ်ဆိုတာ တကယ်မှန်တာပဲ၊ ကွမ်ကျုံးကို အပြင်မှာ ပိတ်ထားတာက ပိုကောင်းမယ်။
စည်းကမ်းတင်းကြပ်သော အဖေတိအောင်းကျန်းသည် ဆုံးဖြတ်လိုက်ချေ၏။

ဒီဧရိယာတွင် မနက်ခင်းစောစောသည် မြို့လောက် မဆူညံချေ။ သူတို့သဘာဝလေညှင်းနှင့် ငှက်များတေးသီကျူးသံသာ ကြားရသည်။

ကျန်းချန်ဖေး ကောင်းကောင်း အိပ်ပျော်ခဲ့ပြီး မျက်လုံးဖြည်းဖြည်းချင်းဖွင့်လိုက်သော်ငြား အိပ်ရာပေါ်တွင် သူသာရှိနေကာ သူ့သားနှင့်ချစ်ဇနီးလေးအရိပ်အယောင် ရှိမနေချေ။

ယန်ယန် !

သူ အလျင်အမြန် ထထိုင်ပြီး အိပ်ရာကိုစမ်းကြည့်တော့ နွေးနေသေးသည်။ ဒါဆို သူတို့ သေချာပေါက် အနီးအနားတွင် ရှိနေဦးမည်ပင်!

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now