၃၀ ။ ဂန်းစတားကိုကို

Comenzar desde el principio
                                    

"မင်းကိုကူ‌လဲပေးဖို့ ငါ့ကိုဖိတ်နေတာလား"
ကျန်းချန်ဖေး မတ်တပ်ရပ်ပြီး သူ့ချစ်ဇနီးလေး၏ခါးကိုဖက်လိုက်ကာ နားလေးကို ညင်သာစွာ တစ်တိတိကိုက်ဝါးလိုက်သည်။
"ဒီရက်တွေမှာ ငါမင်းနားမရှိခဲ့တော့ အရမ်းအထီးကျန်နေလား"

လုံးဝအထီးမကျန်ပါဘူးနော်၊ လွန်ခဲ့တဲ့ နှစ်ရက်ကတင် ခင်ဗျားကြောင့် ကျောက်ကပ် ချို့တဲ့သွားလုနီးပါးပဲ။

ဒါပေမဲ့ ပြောစရာနည်းလမ်းလည်းမရှိ၍  ကျောင်းချီ ညင်သာစွာသာ အမူအရာပြလိုက်သည်။
"ခင်ဗျား အင်္ကျီမလဲချင်ရင် စားပွဲမှာ ထမင်းစားခွင့်မရှိဘူး"
ထို့နောက် သူအပေါ်ထပ် တစ်ယောက်တည်း တက်သွားခဲ့သည်။

စဉ်းစားပြီးနောက် ကျန်းတာ့တျောင်း အင်္ကျီကို ဂန်းစတားဘော့စ်နှင့် ကွက်တိလိုက်ဖက်သော နဂါးပုံချည်ထိုးထားသည့် ပိုးသားညအိပ်ဝတ်စုံကို ‌လဲလိုက်သည်။ ခွေးမွှေးများသည် ပိုးသားပေါ်တွင် တင်ကျန်မည်မဟုတ်၍ သူ့ခွေးသားလေးကို ဖက်ချင်သလောက် ဖက်နိုင်ပြီ။

နေဝင်သွားပြီဖြစ်သော်ငြား မီးထွန်းညှိထားသော လူသွားလမ်းအောက်ရှိ မြေပြင်ပေါ်မှ အလင်းရောင်များကဲ့သို့ ဥယျာဉ်သည် ထိန်လင်းနေခဲ့သည်။ Golden retriever လေးသည် အိမ်တော်ထိန်းပစ်လိုက်သော ဘောလုံးနောက်လိုက်ဖမ်းကာ မြက်ခင်းပေါ်တွင် ပျော်ရွှင်စွာ ပြေးလွှားနေ၏။

"ကွမ်းကျုံး၊ ပါပါးဆီလာခဲ့"
ကျန်းချန်ဖေး သူ့သားကြီးကို လက်ခုပ်တီးလိုက်သည်။

ခွေးပေါက်လေးက နာမည်ကြားချိန် ပါးစပ်ထဲမှ ဘောလုံးနှင့်အတူ သူ့ဆီပြေးလာသည်။ ထို့နောက် သူ့အဖေ ခြေထောက်ဘေးတွင် ချလိုက်ပြီး အမြီးယမ်းပြလေသည်။

ကျန်းချန်ဖေး golden retriever လေးကို ကောက်ချီပြီး ခွေးခြေထောက်တွင် ရွှံ့များမြင်ချိန် မျက်မှောင်ကြုတ်လိုက်သည်။ သူ့ချစ်ဇနီးလေးသည် ပစ္စည်းများကို သန့်သန့်ရှင်းရှင်းထားရသည်အား သဘောကျသည်ကို သိသည်။ အထူးသဖြင့် ထမင်းစားပွဲဖြစ်၍ အိမ်တော်ထိန်းအားပြောလိုက်သည်။
"စားပွဲဆီခေါ်မလာခင် သူ့ကိုအရင်သန့်ရှင်းပေးပါ"

My Lover With Split Personalities [မြန်မာဘာသာပြန်]Donde viven las historias. Descúbrelo ahora