Real life3

5.5K 509 47
                                    

Xiao zhan ဆေးရုံမှာ တစ်လလောက်နေပီး ဆငး်လာခဲ့တယ်
"ပစ္စည်းတွေ သိမ်းပီးပီလား အချစ်"
"အွနး် မောင် သိမ်းပီးပီ"
"ကျဲတို့ကို မလာတော့ဖို့ မောင်ပြောထားတယ် မောင်ဘဲလိုက်ပို့လိုက်မယ်လို့"
"အင်းပါ မောင့်သဘော မောင်က အားရဲ့လား"

"ဘလိုမေးလိုက်တာလဲ အချစ်ရယ် အချစ်အတွက်ဆို မောင်က အမြဲတမ်းအားတယ်"
"ဟီး အာ့ကြောင့် မောင့်ကိုချစ်ရတာ"
"အချစ်က ပြောတော့သာ မောင့်ကိုချစ်တာပါ တကယ်တမ်းကျတော့ မောင့်ကိုအဲ့လောက် မချစ်ပါဘူး"
"ဘာလို့ အဲ့လိုပြောတာလဲ မောင်ရဲ့"
"ဟုတ်တယ်လေ အချစ်က မောင့်ကို လက်မှလက်မထပ်ချင်ဘဲ မောင် လက်ထပ်ဖို့ပြောရင် အချစ်က အမြဲစကားလမ်းကြောင်းလွှဲတယ်"


"မောင်ကတော့ အထင်လွဲနေပြန်ပါပီ လက်မထပ်ချင်လို့မှမဟုတ်တာဘဲ မောင်ကလည်း အချစ်က ရှောင်အိမ်တော်ရဲ့ အငယ်ဆုံးသားလေ အကြီးတွေတောင် အိမ်ထောင်မပြုသေးဘဲ အချစ်ကအရင်ယူလို့ဖစ်ပါ့မလား"
"ဟူး ထားပါတော့ ဒါမဲ့ တစ်နှစ်ဘဲနော် တစ်နှစ်ပြည့်ရင် မောင်ထပ်မစောင့်တော့ဘုး "
"အင်းပါ အဲ့ကျမှ မောင့်သဘော"

ရှောင်ကျန့်လည်း လက်ထပ်ချင်ပါတယ် သူမြန်မြန်လက်ထပ်မှ ရှန့်ရှန့် သူ့ဆီရောက်လာမှာလေ သူရှန့်ရှန့်ကို သတိရတယ် အရင်လို သူ့ဘေးကနေ ရန်ဖစ်ပေးမဲ့သူမရှိတော့ သူ့မှာ ဟာတာတာကြီး
"ဘာလို့လဲ အချစ် နေမကောင်းလို့လား"
"ဟင့်အင်း အိမ်ပြန်ရတော့မှာဆိုတော့ ပျော်လိ​ု့ပါ"
"ဟုတ်ပါပီ လာ အချစ် သွားကြစို့"
"ဟုတ်"


At Xiao အိမ်တော်,
"သူတို့လာကြပီ မြန်မြန်လုပ်"
"အင်းပါ ကျဲရဲ့ "
"ဟောက်ရွှမ်း အလုပ်မလုပ်ဘဲနဲ့ ငါ့နားဘဲကပ်မနေနဲ့ကွာ"
"ကော အဲ့ကောင်ကို မခေါ်ပါနဲ့လို့ အာ့ကြောင့်ပြောတာ"
"ဘာ မင်း ဝမ်ကျိုးချန် အောင်မာ မင်းကများ ငါ့ကို မခေါ်နဲ့လေးဘာလေးနဲ့ ငါနဲ့တွေ့​တော့မယ်"

"ကဲတော်ကြပီ ကလေးတို့ ကျန့်ကျန့် တို့ဝင်လာ​တော့မှာ မီးပိတ်လိုက်ကြတော့"
"ဟုတ် ကျဲ"
ရှောင်ကျန့်တို့ အိမ်ထဲဝင်လာတော့ မှောင်မညး်နေတာကြောင့် သူလည်း ကြောင်နေမိတယ်
"မောင် အိမ်က ဘာလို့မှောင်နေတာလဲ မီးပျက်နေတာလား"
"အော် အချစ်က ဒါကမြန်မာပြည်မှ မဟုတ်တာ မီးပျက်ရအောင်"
"အာ့ဆို ဘာလို့လဲ"

Cupid system(Completed)Waar verhalen tot leven komen. Ontdek het nu