Arc4.5

6.9K 610 22
                                    

ကလေးပြောတာတွေ နားထောင်ရင်း သူ့စိတ်တိုလာမိတယ် သူ့လက်အောက်ကလူတွေ ကလေးကိုလုံးဝရိုသေမူမရှိဘူးဘဲ အခုလည်း ကလေးကို အပြစ်ပြောနေကြတာ ကလေးဟန်နိုင်ငံကိုပြန်ချင်တာလည်း မပြောနဲ့
''မလိုဘူး ဆင်းပေးစရာမလိုဘူး''
''အရှင်''
''ဧကရီပြောတာမှန်တယ် ဒီတိုင်းပြည်မှာ ကိုယ်တော်ပီးရင် ဧကရီက အာဏာအရှိဆုံးဘဲ ဧကရီ့စကားတစ်ခွန်းက ကိုယ့်တော့်ရဲ့အမိန့်ဘဲ ပီးတော့ အမတ်ကြီး ဧကရီက ဒီထိုင်ခုံမှာထိုင်ချင်တယ်ဆိုရင် ကို်ယ်တော်ကခွင့်ပြုမှာဘဲ အေး ဒီခုံမှမဟုတ်ဘူး ကိုယ့်တော့်ရဲ့နေရာကို လိုချင်တယ်ဆိုရင်တောင် ကိုယ်တော်က ပေးဖို့အသင့်ဘဲ အဲ့တာ မောင်မင်းတို့သိထားပါ''

''ကျေးဇူးတင်ပါတယ် အရှင် ''
''မလိုပါဘူး ဧကရီ''
''မင်းကြီးကို လျှောက်တင်ပါတယ် မင်းကြီးအတွက် နောက်ထပ်ကြင်ယာတော်တစ်ပါး တော်ကောက်သင့်ကြောင်းပါ''
''ဘာကိုပြောချင်တာပါလဲ အမတ်ကြီး''
''ကြင်ယာတော် ထပ်ပီးတော့ တော်ကောက်သင့်ပါတယ်မင်းကြီး ဧကရီတစ်ယောက်တည်းနဲ့ မင်းကြီးကို စိတ်မကျေနပ်စေမှာ စိုးရိမ်ကြောင်းပါ ကျနော်မျိုးကြားထားတာကတော့ ချင်အမတ်ကြီးရဲ့သား ကအင်မတန်ကိုလှပပြီး နူးညံ့သိမ်မွေ့တဲ့ ကောတစ်ယောက်ပါ ပီးတော့ အချက်အပြုတ် ဇာထိုးပန်းထိုး ပန်းချီ တူရိယာစတဲ့ ပညာမျိုးစုံကို တတ်မြောက်ထားတဲ့အတွက် မင်းကြီးကို စိတ်ကျေနပ်စေမှာပါ''

'အိုး ငါ့လင်ကိုများ တဏှာကြီးတဲ့သူကျနေရော ဘာတဲ့ စိတ်မကျေနပ်မှာ စိုးလို့တဲ့ အား လူအိုကြီးတွေ မုန်းလိုက်တာ'
'ဟုတ်ပါ့ ထိုးကျွေးချင်တာကိုများ စကားပုလ္လင်ခံနေသေးတယ်'
'အေးလေ ဒါနဲ့ သူတို့ပြောနေတဲ့ ကောကအရင်ဇာတ်ကြောင်းထဲမှာမပါဘူးမလား'
'ဟုတ်တယ် ကျန့်ကျန့်ဝင်လာလို့ ပြောင်းသွားတာနေမယ်'
'အင်း အဲ့ကောအကြောင်း စုံစမ်းထားလိုက် အားရှန့်'
'ok အခုဘဲသွားလိုက်မယ်'

''အမတ်ကြီးတွေက အရှင်ကြင်ယာတော် တော်ကောက်ဖို့အရေးကို တော်တော်အားသန်နေတာဘဲနော် တကယ်ဆို တိုင်းပြည်တိုးတက်ရေး စီးပွာရေး စိုက်ပျိုးရေးစတဲ့ အရာတွေကို တိုးချဲ့ပီး လုပ်ဆောင်ဖို့ စိတ်မကူးဘဲ ကြင်ယာတော်ရဖို့သာ အားကြိုးမာန်တက်လုပ်နေသလားလို့''
''အဲ့လိုမဟုတ်ပါဘူး ဧကရီ ကျနော်မျိုးတို့က သင့်တော်တာကို ထောက်ပြပေးတာပါ''

Cupid system(Completed)Where stories live. Discover now