Arc6

7.4K 577 25
                                    

''all mission complete တဲ့အတွက် ဂုဏ်ယူပါတယ် ကျန့်ကျန့် side missionအောင်မြင်တဲ့အတွက် လက်ဆောင်တခုရပါမယ်''
''ဘာ လက်ဆောင်လဲ''
''ကျန့်ကျန့် ကြိုက်မှာပါ နေရာအပြောင်းအရွှ့တဲ့ လော့ကတ်သီး''

''ဟမ် အဲ့တာ ဘယ်နေရာနေနေ ပြောင်းလို့ရတယ်ဟာမလား''
''ဟုတ်တယ် လော့ကတ်သီး ကိုကိုင်ပီး စိတ်ထဲကသွားချင်တဲ့ နေရာကို မှန်းပီး သွားလိုက်ရုံဘဲ''
''ဝိုး မိုက်တယ် ငါကြိုက်တယ်''
''အင်း ကြိုက်ပီးတာဘဲ ကိုယ်ရေးမှတ်တမ်းပြမယ်
အမည်-xiao zhan

ဝိညဉ်စွမ်းအား -5

ပြီးမြောက်သောကမ္ဘာ -5/10

အရည်အချင်း-အတိုက်အခိုက်,ဆေးပညာ,တူရိယာတီးခတ်ခြင်း

ပိုင်ဆိုင်မူ-မှော်တုတ်တံ,မိုးကြိုးလက်ပတ်,လော့ကတ်သီး''

''စွမ်းရည်တစ်ခုသင်လို့ရပါမယ်

အချက်အပြုတ်

ပန်းချီ

ရေကူး''
''အချက်အပြုတ်ဘဲ သင်မယ်ကွာ ကိုယ့်ဘာသာချက်စားတတ်တာပေါ့''
''ok သဘောပါ''

''အင်း ပြောတော့ ဇာတ်ကြောင်း''
''ok ဒီကမ္ဘာက ဇာတ်လိုက်က လျန်မင်ကျိုး သူကချမ်းသာပီး နာမည်ကြီးတဲ့ အိမ်တော်က သခင်လေးတစ်ယောက် တစ်နေ့မှာ သူတို့မြို့မှာ ဘယ်ကနေပါလာမှန်းမသိတဲ့ ရောဂါကပ်ဆိုးကြီးဖစ်ခဲ့တယ် အဲ့ရောဂါကူးစက်မိတဲ့လူတိုင်းက မသေဘဲ ဖုတ်ကောင်တွေအဖစ် ပြောင်းလဲသွားကြတယ် ဖုတ်ကောင်ဖစ်သွားတဲ့လူတွေက အသက်ရှင်နေတဲ့လူသားတွေကို ကိုက်ပီး သူတို့ရဲ့သွေးကိုစုပ်ပီး အသက်ရှင်ကြတယ် ကယ်ဆယ်ရေးစခန်းရဲ့ ခေါင်းဆောင်က ဇာတ်လိုက် လျန်မင်ကျိုး သူကတိုက်ခိုက်တဲ့နေရာမှာ တော်တာကြောင့် ဖုတ်ကောင်တွေကို တိုက်ခိုက်ရင်း ဇာတ်လိုက်မ(ကျိုးလီဟွား)နဲ့ တွေ့ခဲ့တယ် ဇာတ်လိုက်မက ဆေးပညာနားလည်တာကြောင့် ဇာတ်လိုက်တို့အဖွဲ့ထဲ ဝင်ပီး ကူညီခဲ့တယ် ကပ်ရောဂါကြီး ပြီးသွားတဲ့အခါမှာတော့ သူတို့ကလက်ထပ်ခဲ့ကြပီး ပျော်ရွှင်စွာနေထိုင်ကြတယ်''


''အဟမ်း ဒါဆိုငါက''
''ဟီး ပြောမယ်လေ နားထောင် တကယ်တော့ ဇာတ်လိုက်မှာ ဟိုးငယ်ငယ်လေးကတည်းက ပေါင်းလာတဲ့ Juneဆိုတဲ့ ကောင်လေးတစ်ယောက်ရှိတယ် သူကဇာတ်လိုက်ကို ငယ်ငယ်လေးကတည်းက ကြိတ်သဘောကျခဲ့ရသူဖစ်တယ် သူက ဇာတ်လိုက်မရောက်လာချိန်မှာတော့ သူ့ကို ဇာတ်လို်က်က ဂရုမစိုက်ဘဲ ဇာတ်လိုက်မကိုသာ အရေးပေးတာကြောင့် သူက ဇာတ်လိုက်မကို မကျေမနပ်ဖစ်ပီး သတ်ဖို့ တောထဲကို လိမ်ပီးခေါ်သွားခဲ့တယ် သူ့အကြံက ဖုတ်ကောင်တွေကြားထဲမှာ ထားခဲ့မယ်ပေါ့ သူ့အကြံစည်ကို သိသွားတဲ့ ချန်ရှင်းဟန်ဆိုတဲ့ ကောင်လေးက ဇာတ်လိုက်မကို သဘောကျနေတဲ့သူ ဖစ်တာကြောင့် ဇာတ်လိုက်မဒုက္ခရောက်နေတဲ့ အချိန်မှာ ဇာတ်လိုက်မကို ထွက်ပြေးစေခဲ့ပီး သူကောတ့ ဖုတ်ျကာင်တွေရဲ့ အစာဖစ်သွားတယ် နောက်ပီး Juneဟာလည်းဘဲ ဇာတ်လိုက်မကို လိုက်ရှာရင်းနဲ့ ဖုတ်ကောင်တွေ လက်ထဲမှာဘဲ သေခဲ့ရတယ် ဇာတ်လိုက်မကတော့ လွတ်မြောက်ပီး ဇာတ်လိုက်နဲ့ ပေါင်းဖက်ခဲ့တယ်''


Cupid system(Completed)Donde viven las historias. Descúbrelo ahora