Arc6.2

6K 566 15
                                    

ရှင်းဟန် နိုးလာလာချင်း သူ့ကိုတစ်ယောက်ယောက်က စိုက်ကြည့်နေသလို ခံစားရလို့ ထို်င်ပီး ကြည့်လိုက်တော့ ဇာတ်လိုက်ကြီးဖစ်နေတယ်
''ခင်များ ကျနော့်အခန်းထဲ ဘာဝင်လုပ်နေတာလဲ''
''အဟမ်း ဘာမှမလုပ်ပါဘူး ကိုယ် မနက်စာစားဖို့ လာခေါ်တာ ကလေး ကအိပ်ပျော်နေတာကိုး''
''ခင်များ ဘာကလေးလဲ ကျနော် ကလေးမဟုတ်တော့ဘူး မနက်စာစားဖို့မလား လာခဲ့မယ် သွားတော့''
''ဟားဟား ကိုယ့်လို ခေါင်းဆောင်ကို အော်ပီး မောင်းထုတ်ရဲတာ မင်းလေးဘဲရှိမယ် သိလား ယုန်ပေါက်''
''ခင် ခင်များ''

''သွားပီနော် အချစ်ကလေး တာ့တာ''
''နှာဘူးကြီး ''
'အဟမ်း စိတ်ထဲမရှိဘဲနဲ့ ဘာကြောင့် ခနခနဒီစကားပြောတာလဲ'
'အားရှန့်'
'သီချင်းဆိုတာပါ ကျန့်ကျန့်ရဲ့ ဆိုတော့ ကျန့်ကျန့်ချစ်သူကြီးက ဇာတ်လိုက်လား'
'မသိသေးဘူး ယုန်ပေါက်လို့ခေါ်တာ တခုတည်းနဲ့ ဆုံးဖြတ်လို့မရဘူး'
'ဘာလဲ ဟိုဗီလိန်ကောင်ကို ကျန့်ကျန့်လင်ထင်လို့လား'
'မဟုတ်တာတွေ ငါပြောပီးသားဘဲ အဲ့ဗီလိန်ကောင်ကတော့ ငါ့ချစ်သူလုံးဝမဟုတ်တာသေချာတယ်'

'ဘာလို့လဲ ကျန့်ကျန့်က ဘလိုသိတာလဲ '
' ငါ့စိတ်ထဲကနေ သိနေတာ ငါ့ချစ်သူသာ ဗီလိန်ဖစ်မယ်ဆိုရင် အဲ့လိုမိန်းကလေးတစ်ယောက်ရဲ့ အသက်နဲ့ရင်းပီး ရယူမှရမဲ့ အချစ်မျိုးကို လုံးဝ သူလုပ်မှာမဟုတ်ဘူး ငါပြောချင်တာက ငါ့ချစ်သူက အဲ့လောက်အောက်တန်းမကျဘူး '
'အော် အဲ့လိုလား'
'အင်း အခုတော့ ငါကငါ့ကိုသတ်မဲ့သူကို ကယ်တောင်လာခဲ့သေးတယ်'
'ဟားဟား ခံပေါ့ လူကောင်းမှန်းမသိ လူဆိုးမှန်းမသိ ကယ်ချင်တာ'
'ငါမှမသိတာကိုးလို့ တော်ပီ မနက်စာသွားစားတော့မယ်'

ရှင်းဟန် မနက်စာစားဖို့ ထွက်လာတော့ သူ့ကိုစောင့်နေကြတဲ့ လူတွေ
''လာပီလား ရှင်းဟန် ငါစောင့်နေတာ''
''ဘာလို့စောင့်နေတာလဲ လီဟွားကလည်း စားနှင့်တာမဟုတ်ဘူး''
''ဟန်လေးနဲ့ ဟွားနဲ့က ဘလိုသိတာလဲ''
''အော် ဒီလိုလေ အကိုမင်ကျိုးကလည်း ဟွားတောထဲကနေ လွတ်မြောက်နိုင်ခဲ့တာ ဟွားကိုကယ်တဲ့သူရှိလို့ဆိုတာလေ အဲ့တာ ရှင်းဟန်ဘဲ''
''မဟုတ်တာ ငါကအဲ့လောက်လဲမဟုတ်ပါဘူး''

Cupid system(Completed)Onde histórias criam vida. Descubra agora