Arc2

10.8K 824 6
                                    

'' mission တွေအောင်မြင်တဲ့ အတွက် ဂုဏ်ယူပါတယ် ကျန့်ကျန့်''
''အွန်း အားရှန့် ငါစဉ်းစားနေတာ သူနောက်ကမ္ဘာတွေကျ လိုက်လာပါ့မလား''
''လိုက်လာချင်တယ်ဆိုရင် ရပါတယ် အဲ့တာကတော့ သူနဲ့ဘဲ သက်ဆိုင်ပါတယ် အဲ့တာဆို ကိုယ်ရေးမှတ်တမ်းပြမယ်နော်

အမည်-xiao zhan

ဝိညဉ်စွမ်းအား -1

ပြီးမြောက်သောကမ္ဘာ -1/10

အရည်အချင်း -မှော်နက်အစွမ်း

ပိုင်ဆိုင်မူ-မှော်တုတ်တံတစ်ချောင်း''

''မှော်တုတ်တံဆိုတာက ဘာလုပ်လို့ရတာလဲ''
''ကျန့်ကျန့်လိုတဲ့ ပစ္စည်းအတိုအထွာလေးတွေကို မှော်တုတ်တံကနေ တောင်းလို့ရတယ် ဥပမာ ဆေးတို့ ဓားအတိုလေးတို့ မုန့်တို့ အဲ့လိုမျိုးပေါ့ သိုလှောင်အိတ်လိုမျိုးဘဲ သူက ကျန့်ကျန့် side missionsအောင်လို့ အထက်ကဆုပေးတာ''

''အော် ဟုတ်လား ''
''အင်း စွမ်းရည်တစ်ခုသင်လို့ရပါမယ် ကျန့်ကျန့်

အချက်အပြုတ်

အတိုက်အခိုက်

ရေကူး''

''အတိုက်အခိုက်ဘဲ သင်မယ် အားရှန့်''
''ok ကျန့်ကျန့် မသင်ခင် ဇာတ်ကြောင်းအရင်ပြောပြမယ်''
''အင်း ပြော''

''ဒီကမ္ဘာရဲ့ ဇာတ်လိုက်က ချန်ရှမင် သူကချန်မိသားစုရဲ့ တစ်ဦးတည်းသောသား ချန်လုပ်ငန်းစုက chinaမှာ အအောင်မြင်ဆုံး လုပ်ငန်းတစ်ခုဆိုလည်း မမှားဘူး ရှမင်က ရုပ်လည်းချော စာလည်းတော်တဲ့ အပြင် ပိုက်ဆံပါချမ်းသာတော့ ကပ်ချင်တဲ့ မိန်းကလေးတွေ အများကြီး ဒါမဲ့ သူက ဘသူမှ စိတ်မဝင်စားခဲ့ဘူး''

''ဇာတ်လိုက်မကတော့ ဆွေမရှိမျိုးမရှိ တစ်ကောင်ကြွက် ရိုးသားတဲ့ မိန်းကလေးပေါ့ သူမနာမည်က ကျုးစုမေ သူမက လှပပြီး စိတ်ထားကောင်းတယ် ဇာတ်လိုက်က အစက ဇာတ်လိုက်မကို သတိမထားမိဘူး ဘယ်ကနေ သတိထားမိလဲဆိုတော့ ဇာတ်လိုက်မှာ ငယ်ငယ်ကတည်းက ပျြိုင်လာတဲ့ ဒုတိယဇာတ်လိုက် ဝမ်ရိပေါ် ဆိုတာရှိတယ် ရိပေါ်နဲ့ ရှမင်က ပြိုင်ဘက်တွေ သူ့မိဘတွေကလည်း စီးပွားပြိုင်ဖက်တွေ ဖစ်တာကြောင့် သူတို့နှစ်ယောက်က ဘယ်တော့မှ မတည့်ဘူး

Cupid system(Completed)Where stories live. Discover now