Arc9.2

5.9K 538 43
                                    

Zero Keyနောက်ကိုလိုက်ရင်းနဲ့ Aနုိင်ငံကိုရောက်နေချင်းပင် သူလည်း နေ့လည်နားတော့ ကန်တင်းထိုင်နေတုန်း မိန်းကလေးတွေရဲ အော်သံကြားရတယ် သူထင်တာက သန်သန်မာမာ alphaတစ်ယောက် ကျောင်းကို ပြောင်းလာတယ်ပေါ့ တဆက်တည်း သူကြားလို်က်ရတာက Omegaတဲ့ omegaတောင်မှ အလှဆူံးomegaတဲ့ နို်င်ငံခြားက ပြန်လာတာဆိုဘဲ လူတွေ ဒီလောက် ချီးမွမ်းနေကြလို​့ သူလည်း လှည့်ကြည့်လိုက်တာ သူကြည့်လိုက်တဲ့ ခန အသက်ရှုတွေတောင် မှားသွားသလိုဘဲ

လှလိုက်တာ ကြွေရုပ်လေးအတိုင်းဘဲ ကောင်လေးက လှပေမဲ့ သူ့ပုံစံက သူများomegaတွေလို ေပျာ့ညံ့မနေဘူး ထက်မြက်ပီး လည်မဲ့ပုံလေး သူဆက်ကြည့်ပီး မကြာပါဘူး ကောင်လေး ပုခုံးကို လာဖက်တဲ့ ကောင် တနည်းအားဖြင့် Maxဆိုတဲ့ သူ့ရဲ့ပြိုင်ဖက်ကောင်နဲ့ သူ့ဘေးက သူရဲ့ crushဟောင်းပေါ့

ဘာလို့ crushဟောင်းလဲဆိုရင် သူ့ကိုအခုမကြိုက်တော့လို့ ဘာလို့မကြိုက်တာလဲဆို​တော့ အခု သူကောင်လေးကို ရင်တွေခုန်နေတာကြောင့်ပင် အရင်တုတုန်းက Keyကို ကမ္ဘာပေါ်မှာ အချောဆူံးလို့ ထင်ခဲ့ဖူးတယ် တကယ်က ကောင်လေးကသာ ကမ္ဘာပေါ်မှာ အချောဆုံးနဲ့ ချစ်စရာအကောင်းဆုံး သူကောင်လေးနာမည်သိချင်လို့ နားစွင့်လိုက်တော့ Skyတဲ့ ကောင်လေးနာမည်က

သူမကြိုက်ဘူး Maxနဲ့ လိုတာထက်ပို ရင်းနှီးနေတဲ့ သူ့ရဲ့ကောင်းကင်လေးကို သူကြည့်နေရင်းနဲ့ သဝန်တွေတိုနေမိတယ် သူကြည့်နေတုန်းမှာဘဲ ထွက်သွားတဲ့ ကောင်လေး
'မင်းကချစ်ဖို့ကောင်းသားဘဲ sky'

skyတို့ ထွက်သွားတာနဲ့ သူလည်း phနံပတ်တခုဆီကို
"ဟလို အင်း Skyဆိုတဲ့ ကောင်လေးအကြောင်း ငါအကုန်သိချင်တယ် သူ့မျသားစုဝင်တွေအ​ကြောင်းရော"

Key သူ့ကိုနှုတ်ဆက်ပီး ဟိုကောင်နောက် လိုက်သွားတဲ့ Maxကို ကြည့်ရင်း မဖစ်ရဘူး အဲ့ကောင်ဆီပါသွားလို့မရဘူး Maxက ငါ့အပိုင်ဘဲ သူနဲ့ရင်းနီးဖို့ အခုမှ ကြုိးစားနေတုန်းမှာ ကျရှုံးသွားလို့မရဘူး
'မငး်ကဘာကောင်မို့ ငါ့လူနားလာကပ်နေရတာလဲ '

Skyလည်း Maxနဲ့အတူ အိမ်ကိုပြန်လာခဲ့တယ် အိမ်ပြန်ရောက်တော့
"ကိုကြီးပြန်လာပီလား sunnyအတွက် မုန့်ပါလာတယ်မလား"
"အင်း ပါလာတယ် ဒါကိုကြီး သူငယ်ချငး်တဲ့ နာမည်က"
"ကိုယ့်နာမည်က Maxပါ ကလေးနာမည်က sunnyမလား ကိုယ့်ကို ကိုကိုလို့ခေါ်လို့ရတယ် ကလေးကို​တော့ ကလေးလို့ဘဲခေါ်မယ်နော် ရတယ်မလား"


Cupid system(Completed)Where stories live. Discover now