Arc2.2

9.4K 814 24
                                    

ရှောင်ကျန့်နားထဲမှာ အားရှန့်ပြောတဲ့ ဝမ်ရိပေါ်ဆိုတဲ့ နာမည်ကြီးသာတဝဲလည်လည်
'သွားပီ ငါတော့ ဗီလိန်ကြီးကိုမှ ပြသာနာရှာမိပီ'

''ဟိတ် မင်းကကိုယ့်ကို တောင်းပန်စေချင်တာလား သေချာလား''
''ဟို ထားလိုက်တော့ ဘာမှမဖစ်ဘူး''
သူမြန်မြန်ပြောပီး လှည့်ထွက်မယ်ပြင်တုန်း သူ့ကိုလှမ်းခေါ်တဲ့ ဒုတိယဇာတ်လိုက် ခေါ် ဝမ်ရိပေါ်
''ဘယ်သွားမလို့လဲ နေအုံး ငါပြောလို့်မပီးသေးဘူး''
''ဟို ရပါတယ်ဆို မတောင်းပန်နဲ့တော့ ငါ ငါသွားပီ ''

သူသွားမယ်ပြင်နေတူန်း သူ့ရှေ့ကိုလာပိတ်ရပ်နေတဲ့ ရိပေါ်
''ခနလေး ကိုယ်တောင်းပန်တယ် ဟုတ်ပီလား တောင်းပန်တဲ့အနေနဲ့ မင်းကိုတခုခုလို်က်ကျွေးချင်လို့ ရလား''
''အဟင်း ဘာကျွေးမှာလဲ''
'မူတယ်နော် ကျန့်ကျန့် ပြောတော့ဖြင့် ကြောင်တယ်လေးဘာလေးနဲ့'
'မင်းမသိပါဘူး အားရှန့်ရာ သူများကျွေးတာ မငြင်းကောင်းဘူးတဲ့'
'သူ့ဘာသူ ငတ်လို့စားချင်တာများ အပိုတွေ ဟွန့်'
'ပါးစပ်ပိတ်'

ရိပေါ် သူ့ကိုပြောပီး လှည့်ထွက်မယ်လုပ်နေတဲ့ ကောင်လေးကြောင့် တောင်းပန်ပီး တခုခုကျွေးမယ်လည်းပြောရော အရောင်တောက်လာတဲ့ မျက်လုံးလေးနဲ့ ဘာကျွေးမှာလဲတဲ့
'အဟက် ချစ်စရာလေးကွာ'

''မင်းကြိုက်တာ စားလို့ရတယ် ပြောလေ ဘာစားချင်လဲ''
''ဟို ငါကစားချင်တာမဟုတ်ဘူးနော် မင်းလိုက်ကျွေးမယ်ပြောလို့ အားနာလို့ စားမှာ''
''ဟက် ဟုတ်ပါပီ အာ့ဆို ကိုယ်သွားနေကျ ဆိုင်ဘဲ သွားမယ်နော်''
''အွန်း''

ဆိုင်ရောက်တော့
''ထိုင် ယုန်ပေါက် ဘာစားချင်လဲ မှာလေ''
'အားရှန့် သူ သူငါ့ကို ယုန်ပေါက်လို့ ခေါ်လိုက်တယ် မဟုတ်မှ သူကငါ့ချစ်သူ လန်ကျန့်များလား'
'မသိဘူးလေ ကျန့်ကျန့်ချစ်သူ ကျန့်ကျန့်ဘာသာသိမှာပေါ့'
'အင်း ငါစမ်းသပ်ရအုံးမယ် တကယ်သာ ငါ့ချစ်သူ ဆိုရင်တော့ ပျော်စရာကြီး'

''ဟိတ် ယုန်ပေါက် ဘာတွေငေးနေတာလဲ မှာလေ ဘာစားမလဲ''
''ရပါတယ် မင်းအဆင်ပြေတာမှာပါ ငါကအကုန်စားတယ်''
''အွန်း ''
''ဒါနဲ့ ယုန်ပေါက် နာမည်က ဘာလဲ ကိုယ့်နာမည်က ဝမ်ရိပေါ် မှတ်ထားနော်''
''အင်း ငါ့နာမည်က ရှောင်ကျန့်''
''အင်း ကျန့်ကျန့်က ရှောင်းအိမ်တော်ကလား''
''ဟုတ်တယ် ဘာလို့လဲဟင်''

Cupid system(Completed)Where stories live. Discover now