Arc1.5

8.6K 792 7
                                    

ဝေ့ရင်းလည်း ရှက်တာနဲ့ လန်ကျန့်ပေါ်မှာ တက်ထိုင်နေတာကနေ ထပီး တောင်းပန်လွှာ ရေးဖို့ သွားတော့တယ် သူပျင်းပျင်းနဲ့ ရေးနေတုန်း ရောက်လာတဲ့ အားရှန့်
'ရေး ရောက်လာပီလား ရှန့်ရှန့် ငါ့ကိုဆေးပေး'
'ဟွန့် ရော့ယူလိုက် သောက် '
'ဟီး ငါရဲ့ ရှန့်ရှန့် အကောင်းဆုံး'
'လာမဖားနဲ့ missionလုပ်ဖို့ မစဉ်းစားတော့ဘူးလား ကျန့်ကျန့်'

'စဉ်းစားနေတယ်လေ မင်းကလည်း ဇာတ်လိုက်မကို စောင့်ကြည့်ထား '
'အွန်း '
သူရေးနေရင်းနဲ့ သူ့နားကိုရောက်လာတဲ့ လန်ကျန့်ကြောင့် အားရှန့်နဲ့ပြောနေတာကို ရပ်လိုက်တယ်
''ဘာလဲ လန်ကျန့်''
''ဘာမှမဟုတ်ဘူး ပီးပီလားလို့ လာကြည့်တာ''
''မပီးသေးဘူး အများကြီးကို ငါလက်တွေနာနေပီ ဒီမှာကြည့်''
''အင်း ပြစမ်း ဟုတ်ပ လက်လေးတွေတောင် ရဲနေရော''
''အနာကြည့်တာလား အသားယူတာလား မသဲကွဲဘူး ''
''ကိုယ်က အနာကြည့်နေတာပါ ယုန်ပေါက်ရဲ့''

''ဘသူလဲ ယုန်ပေါက်က''
''ကိုယ့်ရဲ့ယုန်ပေါက်လေ ရှေ့ကယုန်ပေါက်လေးပေါ့''
''ဟွန့် သူများကိုများ ယုန်ပေါက်တဲ့ သူကမှ ကျားကြီး''
''ဟားဟား ဟုတ်ပ ကိုယ်ကကျားကြီး ဟောဒီက ယုန်ပေါက်ကို ဆွဲစားမယ့်ကျားကြီး''

ဝေ့ရင်း စကားပြောလိုက် စာရေးလိုက်လုပ်ရင်းနဲ့ စာရေးခြင်း ပြီးဆုံးသွားတော့တယ်
''ကဲ ပီးပီဆိုတော့ သွားတော့မယ်နော်''
''ခနလောက် နေပါအုံး ယုန်ပေါက်ကလည်း''
''တော်ပီ မနေတော့ဘူး အဆောင်ပြန်တော့မယ်''
''ကဲ အာ့ဆိုလည်း သဘောဘဲ''

ဝေ့ရင်းလည်း စာကြည့်ဆောင်ကနေ ထွက်လာရော သူ့ကိုစောင့်နေတဲ့ ဇာတ်လိုက်မ
''ဟက် ဘလိုလဲ အစေခံသားလေး ငါ့အကိုကို လာစတာ အခုတော့ ခံရပီမလား''
''ဟားဟား ဒီလောက်မှ မခံနိုင်ရင် ငါ့နာမည် ဝေ့ဝူရှန့်မဟုတ်တော့ဘူး ''
''အရှက်မရှိလိုက်တာ ကိုယ့်နေရာကို မသိဘူး''
''ကိုယ့်နေရာကို မသိတာက ကျနော်တစ်ယောက်တည်း မဟုတ်ပါဘူး လီကျူးအော်ရော ပါတယ်''

''ငါ့ကိုများ လီကျူးအော် လို့ နာမည်တပ်ခေါ်ရဲတယ် ဟုတ်လား''
''ဘာလို့မခေါ်ရဲရမှာလဲ လန်ဆရာကြီးရဲ့ရှေ့မှာ ခေါ်သလို အခေါ်ခံချင်နေတာတော့ မဟုတ်ပါဘူးနော်''
''နင် နင် အစေခံသားကများ ငါ့ကို တောက်စ်''
''ဟုတ်တယ် ကျနော်က အစေခံသား ဒါမဲ့ သူများတွေလို သူလျိုမဟုတ်ဘူး''
''နင် ဘာကိုပြောချင်တာလဲ ''

Cupid system(Completed)Where stories live. Discover now