Arc4.6

6.8K 630 16
                                    

ဟုန်ရှဲ့ ရှေ့ကနေပြေးထွက်သွားတဲ့ ကလေးကြောင့် နောက်ကနေ အမြန်လိုက်ရတယ် သူချင်အမတ်နဲ့ လက်ထပ်ပွဲကိစ္စပြောနေတုန်း အသံတွေကြားလို့ သွားကြည့်တော့ တခြားကောင်လေးတစ်ယောက်ကို ပါးရိုက်နေတဲ့ ကလေး
''အဲ့တာ ဘာတွေဖစ်နေတာလဲ ''
''အရှင် ဧကရီက ကျုန်ုပ်ကို ပါးရိုက်တယ် အရှင် သူ့ကိုအပြစ်ပေးပါ''
''ဟမ့်''
''ကလေး ဟုတ်သလား သူပြောတာ''
''အရှင်က ယုံလား သူပြောတာကို''

''ဟင့်အင်း ကိုယ့်ကလေးပြောတာဘဲ ယုံမယ် ပြောပြကိုယ့်ကိုဘာဖစ်တာလဲဆိုတာ''
''အဟင်း ရှင်း အရှင်ဆီကနေ ထွက်ပြေးလာရင်း သူနဲ့ဝင်တိုက်မိတယ် တကယ်တော့ သူကဝင်တိုက်တာပါ ပီးတော့ ရှင်းကိုလာအော်တယ် ရှင်းကသူဘသူလဲမေးတော့ သူကချင်အမတ်ရဲ့သား အရှင်ရဲ့ ဧကရီဖစ်လာမဲ့သူတဲ့ အဲ့တာနဲ့ ရှင်းက မင်းက အိမ်ရှေ့စံနဲ့ လက်ထပ်ရမှာ အရှင်နဲ့ မဟုတ်ဘူး ပီးတော့ ငါကမှ ဧကရီလို့ပြောတော့ သူက ဂရုမစိုက်ဘူးတဲ့ သူဘဲ အရှင်ရဲ့ ဧကရီဖစ်လာရမယ်တဲ့ ရှင်းကိုလည်း ဒီနန်းတော်ကနေ ထွက်သွားရအောင်လုပ်မှာတဲ့ ရှင်းက အရှင်ကငါ့ကိုဘဲချစ်တာလို့ ပြောလို့ ရှင်းကိုသူကပါးစရိုက်တာ အဲ့တာတင်မကဘူး အရှင့်ကိုလည်း တဏှာကြီးတဲ့ဘုရင်မို့ သူမြူစွယ်ရင် ရတယ်ဆိုပီးပြောလို့ ရှင်းကပါးရိုက်နေတုန်း အရှင်ရောက်လာတာဘဲ ဟူး မောတာ''

'မဟုတ်တာတွေ ထည့်ပြောပြန်ပီ ကျန့်ကျန့်'
'အင်း အဲ့တာမှ အရှင်ကငါ့ကိုသနားမှာပေါ့'
'တော်တော်ဖစ် ဟိုကောကတော့ သွားပီဘဲ ဘုရင်ကို တဏှာကြီးတယ်လို့ပြောတာ'
'ဟားဟား အဲ့တာငါဘဲလေ မှတ်ထား ငါ့လာစရဲတဲ့သူက သေဖို့လမ်းရွေးချယ်ထားတဲ့သူမို့ဘဲ'
'အမလေး ကြောက်လိုက်တာ'
'ကြောက်ရမယ်လေ ငါကဘသူမို့လဲ ရှောင်ရှောင်ကျန့်ဘဲဟာ'

''မဟုတ်ပါဘူး အရှင် သူလိမ်ပြောနေတာပါ ဧကရီတစ်ယောက်လုပ်နေပီး လိမ်ပြောနေတာ မရှက်ဘူးလား''
''ဖြောင်း နားညီးတယ်''
''အ့ အရှင်''
''မခေါ်နဲ့ အရှင်ဆိုတာ ငါ့ကလေးတစ်ယောက်တည်း ခေါ်ခွင့်ရှိတဲ့ နာမ်စား ပီးတော့ ကလေးကို မင်းဘာမှ ပုတ်ခတ်စရာမလိုဘူး ''
''ချုင်အမတ်ရဲ့သားကို နူးညံ့တယ်ထင်နေတာ အရိုင်းတုံးဖစ်နေတာဘဲ ဒါဆိုရင်တော့ အိမ်ရှေ့စံနဲ့ လက်ထပ်ဖို့ ပြန်စဉ်းစားရတော့မယ်ထင်တယ် နောက်ပီး ဧကရီတစ်ယောက်လုံးကို တွေ့တာတောင် ဂါဝရမပြုတဲ့အပြင် လက်ညိုးငေါက်ငေါက်ထိုးပီး အရှက်မရှိဘူးလို့ ပြောရဲတယ် ဟား တော်တော် အရိုအသေကင်းမဲ့နေကြတာဘဲ''

Cupid system(Completed)Donde viven las historias. Descúbrelo ahora