အခန်း-၁၈ ရေခဲကိုးလွှာပွင့်လန်းခြင်း။

Start from the beginning
                                    

"ပြန်ပေးဆွဲခံရတဲ့လူငယ်တွေအကြောင်း သတင်း မကြားရဘူး။ သူတို့ အသက်ရှင်နေလား သေပြီလား ဆိုတာလည်း ဘယ်သူမှမသိနိုင်ဘူး။ အဲဒီလူငယ်တွေကို ပြန်ပေးဆွဲရတဲ့ အကြောင်းအရင်းက ဘာပဲဖြစ်ဖြစ် သူတို့ရဲ့မိသားစုတွေနဲ့ ပြောင်ပြောင်တင်းတင်း ခွဲလိုက်တာက ခွင့်မလွှတ်နိုင်စရာပဲ!"

ဤအချက်က မှန်ကန်သောကြောင့် ဖန်ရှီသည် ပြန်လည် ချေပရန် စကားရှာမတွေ့တော့ချေ။ သူသည် ပါးစပ်ကို ဖွင့်ဟထားသော်လည်း နောက်ဆုံး၌ နှုတ်ဆိတ်နေရန်သာ ဆုံးဖြတ်လိုက်သည်။

ဖူလင်းယွင်သည် ဂုဏ်ယူစွာ ပြုံးလိုက်၏။

"ပြောစရာမရှိတော့ဘူးလား?"

ဖန်ရှီသည် ပြုံးကာ သက်ပြင်းချလိုက်ပြီး ဖူလင်းယွင်ကို တည့်တည့်ကြည့်လိုက်သည်။

"မင်းက စုယန်မှ မဟုတ်တာ.. ဘယ်လိုသိနိုင်မှာလဲ? သူက အတင်းအကြပ် ဖိအားပေးခံရတာ.. ဒါကြောင့် သူ့ကို အပြစ်တင်လို့မရဘူး"

ထိုစကားကိုကြားသောအခါ ကုဖေးတိသည် ရုတ်တရက် ဖန်ရှီ့ဘက်ကိုလှည့်ကာ စူးစိုက်ကြည့်လိုက်သည်။

ဖူလင်းယွင်သည် မေးစေ့ကို ပင့်မြှောက်လိုက်ပြီး ဆို၏။

"သူက မိစ္ဆာဂိုဏ်းရဲ့သခင်ငယ်ပဲ.. ဘယ်သူက သူ့ကို အတင်းအကြပ်ခိုင်းလို့ရမှာလဲ။ သူ့ပုံကို ကြည့်ရုံနဲ့ ငါထင်တယ်...."

"လင်းယွင်" ကုဖေးတိသည် ရုတ်တရက် သူမ၏ စကားကို ဖြတ်တောက်လိုက်သည်။

"ဆက်ငြင်းနေလို့ အဓိပ္ပာယ်မရှိဘူး။ ငါတို့က အရည်အချင်းတွေ မြှင့်တင်ဖို့ ကျောက်စိမ်းအိမ်တော်ကို လာခဲ့တယ်။ မင်းက 'ငှက်မွှေးအလွှာများ'ကို အောင်မြင်မှု ရထားပြီးပြီ။ နောပ်ထပ် အဆင့်မြင့် စိတ်ပိုင်းဆိုင်ရာ ကျင့်စဉ်တွေကို ရွေးချယ်ဖို့ ဒီနေ့ အနန္တအသိပညာစံအိမ်ကို သွားရမယ်။ အသေးအမွှား ကိစ္စကြောင့် နောက်ကျခံမနေနဲ့"

ဖူလင်းယွင်သည် ပါးစပ်ကို တင်းတင်းစေ့ပြီး ရေရွတ်လိုက်သည်။

"ရှောင်ရှစ်ရှုံးပြောတာ မှန်ပါတယ်။ ငါ အခုပဲ သွားစားလိုက်မယ်"

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now