ဒါပေမယ့်ရှောင်ယောင်အားသနားမည့်သူမရှိပေ။သူ့ကြောင့်လူတိုင်ဟာသေလုနီးပါးတိုက်ခိုက်ခဲ့ရပြီးအမျိုးသမီးနှစ်ယောက်ဆိုရင်ရှောင်ကျန့်သာအချိန်မှီတားဆီးခြင်းမရှိပါကသေသွားနိုင်သည်လေ။သူ့လုပ်ရပ်ကအကုန်လုံးကိုအန္တရာယ်တွင်းထဲတွန်းပို့နေသလိုဖြစ်နေပြီးအရာအားလုံးကိုလည်းဖုံးကွယ်ထားခဲ့သည်။လျှင်မြန်စွာဝန်ခံလိုက်လို့သာမဟုတ်ရင်ဒီ့ထက်ပိုအရိုက်ခံရနိုင်သည်။

ရှောင်ယောင်ဟာအတော်လေးနာကျင်သွားပေမယ့်စိတ်သက်သာရာတော့ရသွားသည်။အနည်းဆုံးတော့ဒါကနာကျင်ရရုံသာဖြစ်ပြီး ခုဏကကြောက်မက်ဖွယ်ခြိမ်းခြောက်မှုထက်အဆပေါင်းများစွာသက်သာသေးသည်။

သက်လတ်ပိုင်းအရွယ်လူကြီးဟာရှောင်ယောင်၏သိုလှောင်အိတ်ထဲမှခေါင်းတစ်လုံးစာအရွယ်ရှိသည့်ဥတစ်လုံးကိုထုတ်ယူ၍ရှောင်ကျန့်လက်ထဲသို့ထည့်ပေးလိုက်သည်။

ရှောင်ကျန့်ဟာထူးဆန်းသောမျက်နှာထားဖြင့်ဥကိုလက်ခံရယူလိုက်သည်။

မြေခွေးတွေက ဥ ဥတတ်တယ်လား။

[အိုက်ယား....hostရယ်....ဒါကကျင့်ကြံရေးလောကလေ....မဖြစ်နိုင်ဘူးဆိုတာမရှိဘူး....ဥကပေါက်တဲ့မြေခွေးလည်းရှိရင်ရှိမှာပေါ့]

ရှောင်ကျန့်ဟာသက်ပြင်းအသာချလိုက်ရင်းဥကိုမြေခွေးမ ဆီပြန်လည်ပေးအပ်လိုက်သည်။

မြေခွေးမိစ္ဆာသည် သူမရဲ့မြေခွေးဥကိုကျေးဇူးတင်စွာလက်ခံရယူ၍ရှောင်ကျန့်ရှေ့တွင်သူမ၏ခြေလေးချောင်းအားဝပ်၍အရိုအသေပြုသည်။မြေခွေးမိစ္ဆာ၏ဘေးပတ်လည်၌လိပ်ပြာသားရဲ၏အရှိန်အဝါတစ်ခုဝန်းရံလာသည်။

အံ့ဩစရာကောင်းစွာပင် ၎င်းကသာမန်မိစ္ဆာသားရဲကဲ့သို့ဟန်ဆောင်ထားသည့် လိပ်ပြာသားရဲဖြစ်နေသည်။

မြေခွေး၏အရှိန်အဝါနှင့်အပြုအမူကြောင့် ဝမ်ရိပေါ်နဲ့ရှောင်ကျန့်ကမှလွဲ၍ အခြားသူများ၏အပြုအမူမှာပြင်းထန်စွာပြောင်းလဲသွားသည်။

ဤအပြုအမူက သားရဲတစ်ကောင်၏ လူတစ်ယောက်အပေါ်အသိအမှတ်ပြုသည့်အခါတွင် ပြုလုပ်လေ့ရှိသည်။ထိုအခါတွင် အနှီးလူက သားရဲနှင့်စာချုပ်ချုပ်ဆိုနိုင်၏။ ဤသည်မှာလုံးဝအကြွင်းမဲ့အညံ့ခံခြင်းဖြစ်သည်။

system 091 Where stories live. Discover now