ဝမ်ရိပေါ် သဘောပေါက်သွားသည်။

"အကုန်လုံးတော့မဟုတ်ဘူး....တစ်ချို့အင်အားကြီးတဲ့ကျင့်ကြံသူတွေက တောအုပ်ထဲရောက်နေတာကြာပြီ....."

"....."

ဒါဆိုသူက အလေလိုက်တဲ့အုပ်စုနဲ့အတူ အလကားမတ်တပ်ရပ်နေမိတာပေါ့။

"သွားမယ်"

ရှောင်ကျန့်က အနည်းငယ်ဆူပုပ်ပုပ်မျက်နှာဖြင့်ဝမ်ရိပေါ်ကို ဆွဲခေါ်ရင်းတောထဲဝင်သွားခဲ့၏။ သူတို့နှစ်ယောက်က ပုံမှန်အတိုင်းသာ သွားလာနေပြီး လူအချို့နဲ့လမ်းမှာတွေ့ပေမယ့်တစ်ဖက်နဲ့တစ်ဖက်ဂရုမစိုက်ကြပေ။ အနည်းငယ်သောလူတွေက သူတို့နှစ်ယောက်ဆီမှလုယက်ဖို့ကြိုးစားခဲ့ကြပေမယ့် ဝမ်ရိပေါ်လက်ဝှေ့ယမ်းလိုက်တာနဲ့တင် လှုပ်မရဖြစ်သွားတတ်ကြသည်။ အဲ့ဒီအခါကျရင် ရှောင်ကျန့်ကအားနာနာဖြင့် ထိုလူတွေ၏သိုလှောင်လက်စွပ်တွေကိုချွတ်ယူပြစ်တတ်သည်။

သနားစရာလုယက်သူတွေမှာ ကိုယ်လုံးတီးဖြင့် သစ်ပင်ပေါ်တွဲလောင်းချိတ်ခံထားရပြီး ပါသမျှပါဓားမြတိုက်ခံလိုက်ရသည်။

ဝမ်ရိပေါ်က ရှောင်ကျန့်ဘာလုပ်လုပ်အမြဲတမ်းပြုံးနေသည်မှာ နားရွက်ပေါ်ပါးစပ်တတ်ချိတ်တော့မတတ်ပင်။ တခါတစ်လေရှောင်ကျန့်တောင် ဝမ်ရိပေါ်မှာလူမှဟုတ်ရဲ့လားလို့ သံသယဝင်လာသည်။

ဘယ်လိုလူကများ တစ်ချိန်လုံးနားရွက်ချိတ်မတတ်ပြုံးနေနိုင်မှာတုန်း။

တောအုပ်အတွင်းက မှော်သားရဲများစွာဟာ ရှောင်ကျန့်ခန္ဓာကိုယ်က မသိမသာထွက်ပေါ်နေသည့် နတ်ဘုရားသားရဲအရှိန်အဝါကြောင့် အနားကပ်ပြီးမနှောင့်ယှက်ဝံ့ကြချေ။ ထို့ကြောင့်ဤခရီးစဥ်မှာ တစ်ခြားသူတွေလိုနှောင့်နှေးမှုတစ်စုံတရာမရှိပဲ သူတို့အတွက်အပန်းဖြေနေသလိုကို လွယ်ကူလွန်းလှသည်။

တစ်နေရာအရောက်တွင် သူ့တို့အရှေ့၌တိုက်ခိုက်သံအချို့ကြားလိုက်ရ၏။ ရှောင်ကျန့်ဟာ စပ်စုချင်စိတ်ဖြင့် ဝမ်ရိပေါ်ကိုဆွဲခေါ်သွားရင်း သစ်ပင်ပေါ်သို့ခုန်တတ်လိုက်သည်။ သူကြည့်လိုက်တော့ယောက်ျား လေးယောက်နှင့် မိန်းမနှစ်ယောက်ဟာကြီးမားသည့် မြေခွေးတစ်ကောင်ဖြင့်တိုက်ခိုက်နေကြခြင်းဖြစ်သည်။

system 091 Where stories live. Discover now