အခန်း-၁၄ ရုန်းကန်နေစရာ မလိုတော့ဘူး။

Start from the beginning
                                    

"ဘာလို့ အပြင်မထွက်တာလဲ"

စုယန်သည် လက်ပိုက်လျက် သခင်ငယ်၏ မာနကြီးသော အသွင်ကို လုပ်ယူထားသည်။

"အင်း.. ငါ အပြင်မထွက်ချင်ဘူး.. ကျောက်စိမ်းအိမ်တော်ထဲ မ၀င်ချင်ဘူး"

အသစ်ရောက်လာကြသော ဖူလင်းယွင်နှင့် ဖန်ရှီ နှစ်ယောက်စလုံးသည် ဤအဖြေကြောင့် လုံး၀ အံ့သြသွားခဲ့သည်။

ခဏအကြာတွင် ဖန်ရှီသည် ရုတ်တရက် သတိပြန်ဝင်လာပြီး မျက်မှောင်ကြုတ်ကာ လေးနက်စွာ မေးလိုက်၏။

"သခင်ငယ်.. မင်း ဒီကိစ္စကို သေသေချာချာ စဉ်းစားပြီးပြီလား"

စုယန်က ခေါင်းငြိတ်လိုက်သည်။

"ငါစဉ်းစားပြီးပြီ"

ဖန်ရှီသည် ရုတ်တရက် ပြုံးလိုက်ပြီး ကုဖေးတိကို မျက်လုံးထောင့်မှ တစ်ချက်ကြည့်လိုက်သည်။

"ဒါဆို ငါတို့ရဲ့ လူငယ်သူရဲကောင်းကု.. မင်းလည်း ဒီကနေ ထွက်သွားဖို့ ဆန္ဒမရှိဘူးနဲ့တူတယ်။ မင်းရော နေခဲ့မှာလား"

စုယန်သည် ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်ပြီး ဆို၏။

"ဟုတ်တယ်..သူက ငါ့ရဲ့စေတနာကို လက်မခံချင်ဘူးလို့ ပြောတယ်"

ဖန်ရှီသည် ရယ်မောလိုက်၏။

"ကောင်းပြီ.. ဘယ်သူမှ ပထမ မလုပ်ချင်ရင် ငါလုပ်မယ်!"

သူသည် ထိုသို့ပြောရင်း ကျောက်တုံးသစ်တော ထွက်ပေါက်ဆီသို့ စတင်လျှောက်လာခဲ့သည်။

ကုဖေးတိသည် စကားမပြောဘဲ ရှေ့သို့လှမ်းလာကာ ဖန်ရှီ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်လေသည်။

ဖန်ရှီသည် လှောင်ပြုံးပြုံးကာ ဆိုလေ၏။

"ထန်းယွင်စံအိမ်သခင်ကုက အကျင့်စာရိတ္တ ကောင်းမွန်ပြီး တရားမျှတမှုကို အလေးပေးတဲ့ အလွန်ဖြောင့်မတ်တဲ့လူလို့ ငါကြားတယ်.. ဒါပေမယ့် လူငယ်သူရဲကောင်းကုက ဒီလိုကြီးစိုးတဲ့ အပြုအမူမျိုး လုပ်လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ မင်းက သခင်ငယ်ကို ပြန်ပေးဆွဲရုံတင်မက တခြား ရွေးချယ်ခံရသူတွေကိုပါ ကျောက်တုံးသစ်တောကနေ ထွက်သွားခွင့်ကို တားဆီးနေတာပဲ.. ဒါက ထန်းယွင်စံအိမ်ကလူတွေရဲ့ အပြုအမူလား?"

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now