အခန်း-၁၂ အံ့ဖွယ် ကျောက်တုံးသစ်တော အခင်းအကျင်း။

Start from the beginning
                                    

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကုဖေးတိက ဆိုသည်။

"စောစောက စုယန်ကို လှောင်ပြောင်နေတဲ့ အကြောင်းအရာကို ကြားဖူးတယ်.. သူလည်း သေချာပေါက် ကြားဖူးမှာပါ။ဒါပေမယ့် သူ မတုံ့ပြန်ခဲ့ဘူး။ ငါ့အကြောင်း ​ခေါင်းစဉ်​တပ်​လိုက်​တဲ့အခါကျတော့ စုယန်က ​ဒေါသထွက်​သွားတယ်​..."

ရွှီယွင်ကျန်းသည် မျက်မှောင်ကြုတ်လျက် လေးနက်စွာ ပြန်ပြောသည်။

"ဖေးတိ.. စုယန်က မင်းအပေါ် မကောင်းတဲ့ ရည်ရွယ်ချက်ရှိပြီး မင်းကို လှည့်စားနေတာပဲ။ သူ့အလိမ်အညာတွေထဲ မနစ်မြောသွားနဲ့"

ဒီတစ်ကြိမ်မှာတော့ ကုဖေးတိသည် အချိန်အကြာကြီး နှုတ်ဆိတ်နေပြီးမှ တိုးတိုးလေး ပြောလိုက်သည်။

"ငါအဲ့လို ဖြစ်မှာမဟုတ်ဘူး.. ဒါပေမယ့် ဒီစုယန်က ​​သိုင်းလောကရဲ့ ကောလဟာလတွေနဲ့ ကွဲလွဲနေတယ်လို့ ငါထင်တယ်"

ရွှီယွင်ကျန်းသည် ကူကယ်ရာမဲ့ သက်ပြင်းချကာ ဖြားယောင်းလိုက်၏။

"ဖေးတိ.. သူက မိစ္ဆာဂိုဏ်းရဲ့ သခင်ငယ်နော်.. သိုင်းလောကရဲ့ ကောလာဟလတွေက အတိုင်းအတာ တစ်ခုအထိ လွဲမှားနိုင်ပေမယ့် မတူညီတဲ့ ကောလဟာလပေါင်း ထောင်ပေါင်းများစွာက သူ့ရဲ့သရုပ်မှန်အစစ်ကို ဖုံးကွယ်ထားနိုင်မယ်လို့ မဆိုလိုဘူး။ မင်းမြင်တဲ့အရာက မင်းမြင်ဖို့ တမင်ရည်ရွယ်ထားတဲ့ အရာဟုတ်မဟုတ်ဆိုတာ မင်းဘယ်လိုကောက်ချက်ချနိုင်မှာလဲ။ မင်းသူ့ကို စိတ်ဝင်စားရင် အောင်ပွဲက သူ့လက်ထဲမှာ ဖြစ်သွားလိမ့်မယ်!"

ကုဖေးတိသည် ခါးသက်စွာ ပြုံးလိုက်၏။

"ငါနားလည်ပါတယ်... ဒါပေမယ့် ဒီမနက် သူ့ကို သွားခေါ်တုန်းက ငါမမြင်သင့်တဲ့ အရာတစ်ခုကို မြင်လိုက်ရတယ်။ ရင်ထဲမှာ အခုထိ အဆင်မပြေဖြစ်နေတုန်းပဲ"

ရွှီယွင်ကျန်းက ထိတ်လန့်တကြား မေးလိုက်သည်။

"ဒီမနက်တုန်းကလား.. မင်းဘာတွေ့လိုက်တာလဲ?"

ကုဖေးတိသည် မျက်လွှာချလိုက်ပြီး သူ့ပါးပြင်ပေါ်၌ မထင်ရှားတဲ့ အနီရောင်အလွှာတစ်ခု ပေါ်လာသည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now