စစ်တပ်ထဲက စစ်သားအများစုက လူကြမ်းကြီးတွေဘဲ ဖြစ်နေတော့ စစ်သူကြီးချီအန်းက ချူးလျန်ကို ကြိုဆိုဖို့ရာ အမျိုးသမီးစစ်သားအနည်းငယ်ကို စီမာဟွေ့ဆီကနေ ခေါ်ယူထားတယ်။

မြောက်ပိုင်းတစ်ခုလုံးက အခုလက်ရှိ အလွန်အမင်းအေးခဲနေဆဲ ကာလမှာ ရောက်ရှိနေတယ်၊  ဝမ်လန်ရဲ့ အကူအညီနဲ့ လှည်းပေါ်ကနေ ဆင်းလာတဲ့ ချူးလျန်ကလည်း ဘောလုံးလေးတစ်လုံးလို လူံခြုံ‌နေအောင် လွှမ်းခြုံထားတယ်။

သူမက ကြီးမားတဲ့ မီးခိုးရောင် ရှဉ့်မွှေးဝတ်ရုံကို ဝတ်ဆင်ထားပြီးတော့ လက်အနားစက အမွှေးဖွာဖွာလေးတွေက သူမ လက်ဖျားလေးတွေကိုပါ လုံနေအောင် ထုပ်ပိုးထားတယ်၊ အပို‌အနေနဲ့ သူမက အပူပေးလက်အိတ်လေးတစ်ခုကိုပါ ကိုင်ထားတယ်၊ သူမရဲ့ မျက်နှာတစ်ဝက်လောက်ကခေါင်းစွပ်ကြီးနဲ့ ဖုံးနေတော့ အယ်မွန်ပုံ မျက်ဝန်းလေးတွေကိုဘဲ မြင်နေရတယ်၊ နောက်ပြီး သူမ ခြေထောက်ဒဏ်ရာကလည်း သက်သာခါစဆိုတော့ လမ်းလျှောက်နှုန်းက လူတိုင်းထက်နှေးကွေးနေပြီးတော့ လမ်းလျှောက်ပုံလေးက ကို့ရို့ကားယားနဲ့ ရယ်ချင်စဖွယ်လေးဖြစ်နေတယ်။

နောက်ဆုံးတော့ စီမာဟွေ့ရဲ့ အမျိုးသမီးလက်ထောက်တပ်သား ရှောင်ယန်က ဟေးအိမ်တော်ရဲ့ တတိယသခင်မလေးကို မြင်တွေ့ခဲ့ပြီး လှောင်ရယ်ချင်စိတ်ကို မနည်းကို ဖိနှိပ်လိုက်ရတယ်။

သူမစိတ်ထဲမှာတော့ အထင်အမြင်သေးရွံရှာလို့နေပြီ၊ ဘယ်လိုတောင် မသေမသပ်နဲ့ ပုံပန်းမကျလိုက်သလဲ၊ ချောမောတဲ့ ဟေးစန်းလန်က ဒီတစ်ယောက်ကို သဘောမကျတာလည်း အံ့ဩစရာတော့ မရှိပါဘူး။

ဒီတတိယသခင်မလေးက မြင့်မြတ်တဲ့ အမျိုးသမီးဘွဲ့ကို ရရှိထားတယ်လို့လည်း သတင်းကြားထာစသေးတယ်။

ဒီဘွဲ့ကိုရဖို့ရာ ဘယ် မျိုးရိုးမြင့်ဆီကနေများ အနူးအညွတ်တောင်းခံထားလဲ မသိဘူး၊ ဟေးမိသားစုသခင်မကြီးက ဒီခြောက်ယောက်‌ေမြာက် သခင်မလေးအတွက် ဦးနှောက်တော်တော်သူံးထားတာဘဲ။

အမျိုးသမီးတပ်သားက သူမလို စစ်ပွဲဝတ်စုံ ဝတ်ဆင်ထားတဲ့ အနီးနားက အစေခံတွေကို တချက်လှည့်ကြည့်လိုက်တယ်၊ အစေခံတွေထဲက ခေါင်းဆောင်ဖြစ်သူက ခေါင်းတချက်ညိမ့်ပြပြီး အလျင်အမြန်ဘဲ ချူးလျန်ရဲ့ အုပ်စုနောက်ကို လိုက်ပါသွားတယ်။

Transmigrator meets reincarnator (mmtranslation)حيث تعيش القصص. اكتشف الآن