သနားဂရုဏာသက်နေရင်း အုန်းသီးရဲ့ အကြည့်မှာ ဒုတိယဇာတ်လိုက်ခွကြားထဲသို့ ရောက်ရှိသွားသည်။

အာ......တော်တော်သေးတာပဲ။

ဖန်ချင်းရှို့က ရုတ်တရတ်ရောက်လာတဲ့ လူစိမ်းကြောင့်ထိတ်လန့်စွာ သူ့ရဲ့ညီလေးကိုချန်လင်းရန်၏ခန္ဓာကိုယ်အတွင်းမှဆွဲထုတ်လိုက်ပြီး ချန်လင်းရန်ကို ဘေးနားကစောင်ဖြင့် ဆွဲခြုံပေးလိုက်သည်။

"ခင်ဗျားဘယ်...သူ...."

ဖန်ချင်းရှို့က တစ်ဖက်လူကို ခြိမ်းခြောက်ရန်ကြံရွယ်လိုက်သော်လည်း တစ်ဖက်လူ၏မျက်နှာကို မြင်လိုက်ရချိန်၌ အနည်းငယ် ကြက်သေသေသွားသည်။ စောင်ပုံထဲရှိ ချန်လင်းရန်ဟာ ဝမ်ရိပေါ်၏ ဘယ်လိုမှနှိုင်းယှဥ်မရနိုင်သည့် မျက်နှာချောချောကိုမြင်သည့်အခါတွင် လုံးဝနစ်မြောသွား၏။

သူ့ဘဝတွင် တစ်ခါမှ ဤမျှထိချောမောခန့်ညားပြီး ယောက်ျားပီသသည့် အမျိုးသားတစ်ယောက်ကို မမြင်တွေ့ခဲ့ဖူးပေ။ ၎င်းကချောမောသည်ဆိုတဲ့စကားထက်သာလွန်လေသည်။ တွေ့သမျှလူတိုင်းကိုရူးသွပ်သွားစေနိုင်သည်။ သူကချောမောသည့်ယောက်ျားလေးများကိုကြိုက်သည်။ သူ မတိုင်မီကထင်ခဲ့သည်မှာ သူတော်စင်ကျောက်စိမ်းဂိုဏ်းချုပ်၏တပည့် လီဟူရီထက် ချောမောခန့်ညား သူမရှိနိုင်ဟူ၍။

သို့ပေမယ့်ယခုသူ့အရှေ့ကလူနှင့်ယှဥ်လျှင် လီဟူရီဆိုသည်မှာ မြေမှုန်သာသာ ကဲ့သို့သာရှိတော့သည်။ ပြောရရင်ထိုလူ၏ အရှိန်အဝါအနည်းငယ်ကိုတောင် မယှဥ်သာပေ။ သူ့အရှေ့က ထိုယောက်ျားမှာလုံးဝကိုအေးစက်ပြီး အလွန်အန္တရာယ်များသည့် အော်ရာတွေရစ်ပတ်နေ၏။ ဤသည်မှာ ထိုယောက်ျားကို သေလောက်သည်အထိ စွဲဆောင်အားပြင်းထန်သွားစေသည်။

ချန်လင်းရန်၏မျက်လုံးထဲ၌ တပ်မက်မှုအချို့ ပေါ်ပေါက်လာသည်။ ထိုယောက်ျားကိုသာပိုင်ဆိုင်ရရင် တစ်လောကလုံးမှာရှိတဲ့ ယောက်ျား၊မိန်းမတိုင်းဆီက မနာလိုမှုပေါင်းများစွာခံရနိုင်သည်ဟု သူ့မသိစိတ်ထဲကခံစားမိနေသည်။

ဝမ်ရိပေါ်က ချန်လင်းရန်မျက်လုံးထဲရှိ တပ်မက်မှုတွေကိုမြင်သည်။ သူ့ရဲ့ဖီးနစ်သဏ္ဍာန်မျက်ဝန်းတွေဟာ ရွံရှာမှုတွေနဲ့ ပြည့်နှက်သွားပြီး သူ့အရှိန်အဝါက ပို၍ပင်အေးစက်သွားသည်။

system 091 Where stories live. Discover now