အခန်း-၁၀ မမျှော်လင့်ထားသော ပြဿနာ။

Start from the beginning
                                    

ကုဖေးတိက အဘိုးအိုကိုကြည့်ရန် ရုတ်တရက် ခေါင်းမော့လိုက်သည်။

သို့သော် အဘိုးအိုက ဘာမှ ဆက်မပြောတော့ပေ။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဤအချိန်မှာ ထွက်ခွာရန် အလျင်စလိုမရှိပေ။ သူသည် ကျောက်လှေကားထစ်များပေါ်တွင် ရပ်နေပြီး သူ့ရှေ့မှ သိုင်းပညာရှင် အယောက်နှစ်ဆယ်အား ငုံ့ကြည့်နေကာ ချီအဘိုးအိုမှ အကြံပေးသည့် လူငယ်ကို စောင့်နေလေသည်။

ချီအဘိုးအိုသည် ကျောက်စိမ်အိမ်တော်၌ နှစ်ပေါင်းများစွာနေခဲ့ပြီး လောကီရေးရာများကို အမြဲလျစ်လျူရှုခဲ့သည်။ အကယ်၍ သူကိုယ်တိုင် စကားစပြောရန် အားထုတ်ခဲ့လျှင် ထိုလူငယ်သည် အလွန်အရည်အချင်းရှိသူဖြစ်ပြီး သူသည် ထိုလူငယ်လေး လမ်းလွဲသွားမည်ကို သည်းမခံ နိုင်ခြင်းကြောင့် ဖြစ်ရမည်။

ကုဖေးတိသည် သူ့အကြည့်များကို ဖြေလျှော့လိုက်ပြီး ခဏလောက် မျက်လုံးကို ဆတ်ခနဲမှိတ်လိုက်သည်။ သူမျက်လုံးကို ပြန်ဖွင့်လိုက်သောအခါ သူ့စိတ်ထဲ၌ ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခု ပေါ်လာလေ၏။

သူသည် လယ်ယာအိမ်ရှေ့ရှိ အဘိုးအိုကို လေးလေးစားစား ဦီးညွှတ်ကာ ဆို၏။

"လူကြီးမင်းရဲ့ အကြံပြုချက်အတွက် ကျေးဇူးတင်ပါတယ်!"

သူသည် ချက်ချင်းပင် လူလတ်ပိုင်းအရွယ် အမျိုးသားကို လှည့်ကြည့်ကာ ပြောလိုက်သည်။

"လူကြီးမင်း.. ဇွဲရှိရှိ လေ့ကျင့်နေခဲ့တဲ့ နောက်ထပ် လူငယ်တယောက် ထပ်ရှိသေးပါတယ်.. မနေ့က သူအိပ်ယာမဝင်ခင် ခြံဝင်းထဲမှာ သိုင်းလေ့ကျင့် နေတာကို ကျွန်တော်တွေ့ခဲ့တယ်။ ကျွန်တော် မနက်အစောကြီး အိပ်ရာထလာတဲ့အချိန်မှ သူအနားယူဖို့ အိမ်ထဲ ပြန်ဝင်သွားခဲ့တာ.. မနေ့ညက ကြိုးစားပမ်းစား လေ့ကျင့်ခဲ့တာဆိုတော့ မိုးမလင်းခင် အိပ်ရာ မထနိုင်ခဲ့ဘူး ထင်ပါတယ်"

လူလတ်ပိုင်းအရွယ် အမျိုးသားက မျက်ခုံးပင့်ကာ အနည်းငယ် ပြုံးလိုက်သည်။

"အိုး.. ဘယ်လူငယ်လေးများလဲ"

ကုဖေးတိက ပြန်ဖြေလိုက်သည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now