Chapter 10 : Date (C)

Start from the beginning
                                    

ဝမ်ဖုန့်က ဖန့်ချူကိုမြင်တော့ ပြုံးပြကာ
"ခုန အကို့ကိုခေါ်တာ မင်းမလား..ဆောရီး.. အရမ်းအလျင်လိုနေတာနဲ့ မကိုင်လိုက်မိဘူးကွာ.. ဒီကိုလာတဲ့လမ်းမှာ တစ်ခုခုဖြစ်ထားတာလေ.. အဲဒါကြောင့်ပဲ ကိုယ်နည်းနည်းနောက်ကျသွားတာ"

ဖန့်ချူပြုံးပြီး ပြောလိုက်တယ်..။
"ရပါတယ်.. မနက်စာရောစားပြီးပြီလား"

"စားပြီးပါပြီကွာ" ဝမ်ဖုန့်က ပြန်ဖြေလိုက်တယ်..။

ဒါရိုက်တာက လော်စပီကာကတစ်ဆင့် လှမ်းအော်လာပြီမို့ ဖန့်ချူ ၊ ဝမ်ဖုန့်နဲ့ ကျန်းဖေးယွီတို့ အလျှင်အမြန်ပဲ နေရာယူကြရတော့တယ်..။ ဒီနေ့ သူတို့က ချုံခိုတိုက်ခိုက်မှုတစ်ခုကို ရိုက်ကူးကြမှာဖြစ်တယ်..။

ဒါရိုက်တာက 'action'လို့ အော်လိုက်တဲ့အခါ ဖန့်ချူနဲ့ လူတိုင်းက တိုက်ဖို့အတွက် ရှေ့ကို တဟုန်ထိုးပြေးသွားကြရတယ်..။

လှံစွပ်တွေနဲ့ သေနတ်တွေအားလုံးက ပလပ်စတစ်နဲ့ပြုလုပ်ထားပြီး တောင်စောင်းတွေကနေ အမှတ်မထင်ပြုတ်ကျလာကြမယ့် ကျောက်တုံးတွေကတောင် အမြှုပ်တွေနဲ့ပြုလပ်ထားတာဖြစ်တယ်..။
(TN - အမြှုပ်ဆိုတာကလေ ပါတီတွေ မွေးနေ့ပွဲတွေမှာ သုံးတဲ့ foam sprayလိုမျိုးပုံစံပါပဲ.. ကိုယ်လိုချင်တဲ့ containerထဲမှာ အဲ့ဒီအမြှုပ်တွေထည့်ပြီး အချိန်တစ်ခုထားပြီး အခြောက်ခံလိုက်တာ.. ပြီးသွားတော့ သူက မာသွားတယ်.. ဒါကိုမှ လိုချင်တဲ့အရောင်ခြယ်လိုက်တာပါ..)

အလွန်နီးကပ်တဲ့အကွာအဝေးတစ်ခုမှာ ရှိနေတာကြောင့် သူတို့အပေါ်ကို အရမ်းရယ်စရာကောင်းတဲ့ သက်ရောက်မှုကို ဖြစ်စေပါတယ်..။ သို့သော် သူတို့တွေက professionalသရုပ်ဆောင်များသာဖြစ်ကြတယ်..။ အကယ်၍ ပိုက်ဆံကိုသာ လုံလုံလောက်လောက်ပေးထားမယ်ဆိုရင် သေချာပေါက် သူတို့တွေ ရယ်ပြီးတော့ ဇာတ်ရုပ်ကို ပျက်စီးစေတော့မှာမဟုတ်ဘူး..။
(TN - ကျောက်တုံးအတု လက်နက်အတုတွေနဲ့မို့ အရမ်းရယ်ချင်နေကြတာ.. ဒါပေမယ့် ပိုက်ပိုက် လုံလုံလောက်လောက်ရရင်တော့ ရယ်ချင်လည်းမရယ်ပဲ အောင့်ထားကြမယ်ပေါ့ကွယ်..😆)

ကျန်းဖေးယွီက ပထမလှုပ်ရှားမှုမှာတင် အသတ်ခံလိုက်ရပြီး သူက လွန်လွန်ကျူးကျူးအမူအရာနဲ့ လဲကျသွားကာ မြက်ခင်းပြင်ပေါ်မှာ မလှုပ်မယှက် လဲလျောင်းနေတော့တယ်..။

ရပ်နား / သဘာဝလွန်လောကထဲမှာ ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now