Part -5(အခန်း-၅ရှစ်စွမ်းချက်ကျွေးသောဖက်ထုပ်ခေါက်ဆွဲပူပူလေး)

Start from the beginning
                                    

လုထျန်းတောင်ရှိမီးဖိုတွင်လော့ချင်းချန်တစ်ယောက်ဂျုံများနယ်နေသည်။မင်ချန်၊ဝမ်ယီချင်းနှင့်ကျန်သည့်တပည့်များကကူပေးမယ်ပြောသော်လည်းလော့ချင်းချန်ကငြင်းပြီးသူတစ်ယောက်ထဲသာလုပ်နေခြင်းဖြစ်သည်။

လော့ချင်းချန်၏အရင်ဘဝရှောင်ရိဖြစ်တုန်းကသူတစ်ယောက်ထဲသာနေသဖြင့်ကိုယ်ကိုယ်တိုင်ချက်ပြုတ်စားသည်ကများသည်။

ညနေရောက်သော်

တပည့်များ၏စားသောက်ခန်းတွင်စားပွဲကိုယ်စီပေါ််တွင်ပန်ကန်လုံးတစ်လုံးစီတိုင်းတွင်အပူကွေ့တထောင်းထောင်းနဲ့ညနေစာကိုတွေ့လိုက်ကြသည်။ခါတိုင်းကိုယ့်အဆောင်ကိုယ်သာစားကြပေမဲ့စားသောက်ခန်းကိုပွဲတွေရှိမှသာအသုံးများသည်။ယခုကတော့သူတို့ရှစ်စွမ်းကိုယ်တိုင်ချက်ကျွေးတာဖြစ်တဲ့အတွက်ယခုလိုလာစားကြချင်းဖြစ်သည်။

တပည့်များကိုယ်စီကိုယ်စီနေရာအသီးသီးယူကြသည်။ဝမ်ယီချင်းကိုတော့သူ့ဆရာတူအမယောက်ကသူ့ကိုဆွဲခေါ်ပြီးသူတို့နားထိုင်ခိုင်းထားလို့ထိုင်နေရသည်။

ထို့နောက်တပည့်များစတင်စားသောက်ဖို့တူများစတင်ကိုင်ကြသည်။

"ဝါးးးးဖက်ထုပ်ခေါက်ဆွဲပဲအသားတွေကောများကြီးပဲ အရသာလည်းတစ်အားကောင်းတယ်"

တပည့်တစ်ယောက်ဖက်ထုပ်ခေါက်ဆွဲအရသာကောင်းလွန်းသဖြင့်မနေနိုင်ပဲပြောမိသည်။

အကုန်လုံးကလည်းစားကြည့်ရာကောင်းလွန့်သဖြင့်ကိုယ်စှကိုယ်စီပြောကြပြီးဆူညံနေတော့သည်။

ဝမ်ယီချင်းတစ်ယောက်ခေါက်ဆွဲကိုစားကြည့်ရာတအားကောင်းနေကြောင်းသိသွားသည်။

ရှစ်စွမ်းကဟင်းချက်လည်းကောင်းတာပဲလားရှစ်စွမ်းကဘယ်နေရာမဆိုတော်နေတာပဲငါရှစ်စွမ်းကိုလိုကိမမှီမှာတောင်ကြောက်မိတယ်

ဝမ်ယီချင်းတစ်ယောက်ဝမ်းနည်းစွာတွေးမိသည်။

"အားးအရမ်းစားကောင်းတာပဲရှစ်စွမ်းအချက်အပြုတ်ကောင်းမှန်းမသိခဲ့ဘူး"

အန်းမိန်တစ်ယောက်ပြောမိသည်။

"ဟုတ်တယ်နော်ရှစ်စွမ်းကအလှနတ်ဘုရားတွေထဲမှာနံပါတ်တစ်ပဲဖြစ်မယ်ထင်နေတာချက်ပြုတ်ရေးမှာလဲနံပါတ်တစ်ပဲဟဟိဟိ"

ဗီလိန်ရှစ်စွမ်းဖြစ်ကူးပြောင်းသွားခြင်း(Wp Accပြောင်းသည်)Where stories live. Discover now