ဒါပေမဲ့လည်းသူ့ရဲ့ကြိုးစားမှုကအသုံးမဝင်ပါဘူး ဒီအစစ်အမှန်ချီကြာပွတ်တွေက အလွန်စေးကပ်ပြီး ကြီးမားတဲ့မော်လီကျူးတည်ဆောက်ပုံလို ဘဟ်လိုရုန်းရုန်းအသုံးမဝင်ပါဘူး

    ဂတုံးကောင်က ဒီကြာပွတ်တွေနဲ့ချည်နှောင်ခံလိုက်ရပြီး ခြေတွေလက်တွေလှုပ်မရတော့ဘဲ သူ့လက်ထဲက ဓားတောင်လွတ်ကျသွားပါတယ်

   "သေစမ်း"ဒါကိုမြင်တဲ့တခြားသူတွေကလည်း ဒီကြာပွတ်တွေဘယ်လောက်ကြမ်းလဲဆိုတာကိုသိပြီး တစ်ယောက်ပြီးတစ်ယောက်ရှောင်လိုက်ကြတယ် ဒါပေမဲ့လည်းသူတို့တွေနောက်ကျသွားခဲ့ပါပြီ

   ရာနဲ့ထောင်နဲ့ချီတဲ့ အစစ်အမှန်ချီကြာပွတ်တွေကအသက်ဝင်နေသလို လေထဲမှာတဝီဝီဝှေ့ယမ်းနေပြီး ကျန်တဲ့သိုင်းသမားကြီးခုနှစ်ယောက်ကို ရစ်ပတ်လိုက်တယ်

   ကြာပွတ်တွေနဲ့ရစ်ပတ်တာခံထားရတဲ့လူရှစ်ယောက်ကို ရှပင်ကဆူနာမီလှိုင်းလိုလက်ဝါးတစ်ချက်ထုတ်ပြီး ရိုက်ချလိုက်တာနဲ့ ဒီလူရှစ်ယောက်က အပေါ်အောက်ပြောင်းပြန်လှန်ကာလွင့်ထွက်ပြီး ငယ်သံပါအောင်အော်လိုက်ကြတယ်

    ဒီလူတွေ မြေကြီးပေါ်အရှိန်နဲ့ပြုတ်ကျတာနဲ့ မြေပြင်မှာတွင်းနက်ကြီးရှစ်ခုဖြစ်ကာ သွေးတွေဆက်တိုက်အန်လိုက်ကြပါတယ် ရှပင်လက်ဝါးကြောင့် သူတို့ကိုယ်ပေါ်ကအဝတ်အစားတွေပါ တစ်စစီဆုတ်ထွက်သွားပါတယ်

    ဒါပေမဲ့လည်း သူတို့တွေကအစစ်အမှန်ချီကြာပွတ်တွေနဲ့ ဆက်လက်ချည်နှောင်ခံထားရတာကြောင့် တစ်လှမ်းမှမလှုပ်ရှားနိုင်ပါဘူး

    "မဆိုးဘူး မဆိူးဘူး"
    ရှပင်ကဒီလူရှစ်ယောက်ရဲ့ သနားစဖွယ်အဖြေနေတွေကိုကြည့်ကာ မေးစေ့ကိုပွတ်သပ်ပြီး ချီးမွမ်းလိုက်တယ် "နောက်ဆိုမင်းတို့တွေ အခုလိုဘဲအဝတ်အစားမဝတ်ကြဘဲ ကြိုးတွေဘဲဝတ်ပြီးနရင်လုံလောက်ပြီ ဒီလိုအဝတ်အစားဒီဇိုင်းက လုံးဝခေတ်ဆန်တယ်"

  "မျိုးမစစ်ကောင်"
  
   "မင်းနှမကြိုးကို ငါဝတ်မယ် လီးကိုခေတ်ဆန်တဲဒီဇိုင်းပါလား"

    "သတ်တျိရှိရငျ ယုတ်ညံ့တဲ့နည်းလမ်းတွေမသုံးဘဲတစ်ယောက်ချင်းချမယ်"

God level demon(201-ongoing)Where stories live. Discover now