260+261+262

Depuis le début
                                    

    "မင်းတစ်ယောက်တည်းနဲ့ ဝိုင်ပုလင်းသစ်ပင်ကိုသိမ်းပိုက်ရဲတာ အိပ်မက်မက်နေတာဘဲ"

    "ခွန်အားနည်းနည်းရှိတာနဲ့ ဘဝင်မြင့်နေတဲ့ကောင် ဒီနေတော့ဒီဘကြီးကမင်းကို ဘယ်လိုနှိမ့်ချပြီးနေရမလဲဆိုတာသင်ပေးမယ်"

    "သေလိုက်စမ်း"

    ကျွမ်းကျင်သူ၇ယာက်၈ယောက်ကဒေါသနဲ့အော်ဟစ်လိုက်တာနဲ့ သူတို့ရဲ့အသံတွေကမိုးခြိန်းသံလို တုန်ခါသွားပါတယ် သူတို့ရဲ့ကိုယ်ကနေကြောက်စရာအရှိန်အဝါတွေထွက်နေပြီး တစ်ယောက်ချင်းကရင်ဆိုင်ရခက်တဲ့ ဒေသအသီးသီးက ထိပ်တန်းကျောင်းသားတွေဖြစ်ပါတယ်

   အခုတော့ဒီလူတွေအုပ်စုက ရန်သူတစ်ယောက်တည်းကိုရင်ဆိုင်ဖို့ အတူတကွထုတ်ဖော်လိုက်တဲ့ခွန်အားက ကျန်တဲ့လူတွေကိုထိတ်လန့်ကြောက်ရွံ့သွားစေပါတယ်
  
   ဒီလူတွေတိုက်ခိုက်လိုက်တာကိုတွေ့တာနဲ့ ရှပင်ကလည်းချက်ချင်းလှုပ်ရှားလိုက်ပြီး သူ့ကိုယ်ကနေ အေးစက်မှောင်မိုက်တဲ့အော်ရာတွေထွက်လာကာ လက်ဝါးနဲ့ရိုက်ချလိုက်တယ်  

   သားရဲတဈသောငျးလကျသီးပဉ်စမသိုငျးကှကျ - ရစ်ပတ်နေသောမြွေကြာပွတ်

   သူ့လက်ဝါးက ထွက်သွားတဲ့ချီစွမ်းအင်တွေက လေထဲမှာ ကိုင်တွယ်၍မရနိုင်တဲ့ ကြောက်စရာအဆိပ်မြွေကြာပွတ်လိုပြောင်းလဲပြီး အရပ်မျက်နှာတိုင်းကိုထွက်သွားပါတယ်

    လေထဲမှာ အနည်းဆုံးရာနဲ့ထောင်နဲ့ချီ ထူထပ်သိပ်သည်းတဲ့ ကြာပွတ်ပုံရိပ်တွေပေါ်လာပါတယ်
 
    "ဒါဘာတွေလဲဟ?"
    ဂတုံးနဲ့ကောင်က ထိတ်လန့်သွားပြီးကြွာပွတ်တွေကို ဓားနဲ့ခုတ်ချလိုက်တယ် ဒါပေမယ့်လဲ အလွန့်အလွန်သိပ်သည်းကျစ်လစ်တဲ့ ဒီအစစ်အမှန်ချီကြာပွတ်တွေက မီးဒဏ်ရေဒဏ်ခံနိုင်သလို စေးကပ်နေပြီး ခုတ်လို့မပြတ်ပါဘူး

    နောက်တစ်စက္ကန့်မှာ ဒီအစစ်အမှန်ချီကြာပွတ်တွေက အသိညဏ်ရှိသလို ဂတုံးရဲ့ဓားကနေသူ့ခန္ဓာကိုယ်ကိုရစ်ပတ်လိုက်ပါတယ်

    "သေစမ်း ဒါကဘာကြီးလဲ?"
    ဂတုံးကမယုံကြည်နိုင်ဖြစ်သွားတယ် ဒီလိုထူးဆန်းတဲ့စတိုင်မျိုးကိုသူမကြုံဖူးဘဲ သူ့ခန္ဓာကိုယ်ကျင့်ကြံခြင်းစနစ်ကိုလည်ပတ်ပြီး ဒီအစစ်အမှန်ချီကြာပွတ်တွေစီက ရုန်းထွက်ဖို့ကြိုးစားလိုက်တယ်

God level demon(201-ongoing)Où les histoires vivent. Découvrez maintenant