"မ..မဖြစ်ပါဘူး..အ..အရှင် ဖယ်ပေးပါ~~"

ပစ်လဲသွားသည့်ကိုယ်ပေါ်လေးအား အုပ်မိုးကာ နှာခေါင်းချင်းထိလုနီးပါးငုံ့မိုးနီးကပ်လာသည့်
အရှင့်ကြောင့် ခေါင်းကို ဘေးစောင်းကာ ရင်ဘက်ကျယ်ကြီးအား လက်ဖြင့် တွန်းထုတ်ရင်း
ငြင်းပယ်လိုက်သည်..။

"မင်းမှာငြင်းခွင့်ရှိလို့လား..ဧ..က..ရီ..!"

"ဟင်!!~~"

ဧကရီတဲ့~~
တစ်လုံးချင်းပီပီသသဖိခေါ်လိုက်သည့် အမည်နာမလေး..
တစ်နည်းအားဖြင့် ဧကရာဇ်တစ်ဦးတည်း၏ပိုင်ဆိုင်မှုဆိုသော ဂုဏ်အရည်အချင်းတွေနှင့်
နာမ်စားလေးသုံးလုံးသည် တွန်းထုတ်ဖယ်ရှားနေသည့်ဂျီမင့်အား ဝေတွေစွာငြိမ်သက်သွားစေခဲ့သည်...။

ဟုတ်တာပေါ့..!!
သူ့မှာငြင်းဆန်ခွင့်မှမရှိတာ..!
ဧကရာဇ်တစ်ပါးနဲ့ လက်ဆက်ပြီး ထိုဧကရာဇ်၏အပိုင်ပင်ဖြစ်နေပြီလေ..။

တုံးလိုက်တာ..အ,လိုက်တာ ပတ်ခ်ဂျီမင်ရာ...!!

အခုထိကိုယ့်ကိုကိုယ် လွတ်လပ်နေသေးတယ်ဆိုပြီး သွေးနားထင်ရောက်နေခဲ့တာပဲ..!
သူဆိုတာက အရှင်လိုချင်ရင် ဖြည့်ဆည်းပေးရမဲ့ ကြင်သူများစွာထဲကတစ်ယောက်..။
အရှင်ပြောခဲ့သလို အလိုလိုက်လို့ ကမ်းတက်နေမိခဲ့တာပဲ..!

"ဟက်..!!"

အောက်တွင်ငြိမ်ကျသွားပြီ အတွေးနက်ရှိုင်းနေသည့် လူသားအား တစ်ချက်ကြည့်လိုက်ပြီး ခပ်ဟဟရီမောလိုက်သည်..။

"အ..အရှင်~~အွတ်..!"

တစ်ဖန်ထပ်နီးကပ်လာသည့် မျက်နှာကြောင့် အလန့်တကြား ပြူးကြည့်လာကာ အရှင်ဟု ယောင်နစွာ ခေါ်မိလိုက်သော နှုတ်ခမ်းတစ်စုံသည် ပြောစရာ စကားပင်မရှာရသေး ပျောက်ရှသွားရပြန်သည်..။

ခပ်အိအိ ခပ်နွေးနွေးနှုတ်ခမ်းပါးလေး၏ အထိအတွေ့သည့် ဂျီမင့်ရင်ခုန်နှုန်းအား ဆောင့်တတ်သွားစေခဲ့သည်..။
အိပ်ယာထူထူကြီးနှင့် အရှင့်၏နှုတ်ခမ်း...
ထိုနှစ်ခုကြားတွင့်ဖိကပ်ထားခံရသည့် ဂျီမင်၏နှုတ်ခမ်းလေးသည် ပြေးပေါက်ပျောက်လျက်..။

ပါးပြင်အား ကိုင်တွယ်ပြီး အပီအပြင်နမ်းရှိုက်နေသူကြီးသည်  အောက်ဘက်ရှိခေါင်းများလှုပ်ရှားကာဖယ်တွန်းနေသည့် သက်ရှိအရာလေး၏ ခေါင်းအား ဖိထိန်းကာ အနမ်းခရီးဆက်နေပြန်သည်..။

❀အရှင့်ရဲ့ အဖြူရောင်ပန်းငယ်❀ (Complete)Where stories live. Discover now