အခန်း-၁ မေ့ကျူးတောင်တွင် ပထမဆုံးတွေ့ဆုံးခြင်း။

Start from the beginning
                                    

"ငါမလုပ်တော့ဘူး.. ဒါကြောင့် ပါးစပ်ပိတ်ထားတော့"

သူသည် ခါးသီးသောအရွက်များကို ထွေးထုတ်လိုက်ကာ သူ့ပုခုံးပေါ်ဖိရန် လက်များကို ဆန့်ထုတ်လိုက်သည်။

လွန်ခဲ့တဲ့ ငါးရက်လောက်က သူတော်တော် မိုက်မဲတာတွေလုပ်ခဲ့၏။

တကယ်တော့ သူတကယ်သေချင်လို့ မဟုတ်ရပါ။
ဘယ်သူမဆို သူ့လိုဖြစ်ခဲ့ရင် ဒေါသူပုန်ထပြီး
တုံ့ပြန်ကြမှာပင်...

ချန်းစုယန်သည် သူ၏အမည်ရင်းဖြစ်သည်။ မူလက
သူ၏ဆွဲဆောင်မှုမြင့်မားခြင်းနှင့် ဂန္ထဝင်အက စွမ်းရည်ကြောင့် site အများအပြားတွင် ရုတ်တရက်ရေပန်းစားလာခဲ့သည့် web နာမည်ကျော် တစ်ဦးဖြစ်သည်။ ကံကောင်းထောက်မစွာ သူသည် သူ၏ကျော်ကြားမှု လွှမ်းမိုးနေချိန်၌ လူငယ် online drama အဖွဲ့တစ်ဖွဲ့၏ ပစ်မှတ်ဖြစ်လာရသည်။ ဝတ္ထု-ဒရမ်မာ လိုက်လျောညီထွေဖြစ်အောင် Arch-Rivals တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခွင့်ရခဲ့သည်။

မူရင်းစာရေးဆရာသည် သူ့ကို ကိုယ်တိုင်ကိုယ်ကျ သရုပ်ဖော်ရန် အကြံပြုသောကြောင့် ဤအခွင့်အရေးကို ရရှိခဲ့သည်။ ဒါဟာ သူ့အတွက် ဂုဏ်ယူစရာ အခိုက်အတန့်ပင်။

လွန်ခဲ့တဲ့ငါးရက်က သူသည် သူ၏နောက်ဆုံးအခန်း ဖြစ်သည့် သေဆုံးသည့်ဇာတ်ဝင်ခန်းကို သူ့မွေးနေ့အမှီ ရိုက်ကူးပြီးဆုံး ခဲ့သည်။

ဒါရိုက်တာရော တခြားသရုပ်ဆောင် မင်းသား မင်းသမီး တွေရော တက်ကြွလန်းဆန်းနေတာကြောင့် အားလုံးစုပြီး သူ့မွေးနေ့ပွဲကို ဂုဏ်ပြုဖို့ ညစာစားပွဲကို ကျင်းပပေးကြသည်။

အားလုံးက ပါတီ၏ ကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့သူ့ကို အရက်မသောက်မချင်း ဝိုင်းလှော်ကြတော့သည်။

သူမျက်လုံးဖွင့်လိုက်တာနဲ့ သူတကယ်ပဲ အဲဒီ အွန်လိုင်းဒရမ်မာမှာ သရုပ်ဆောင်ခဲ့တဲ့ မိစ္ဆာဂိုဏ်းရဲ့
သခင်ငယ်စုယန် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ!

ဒီမှော်ဆန်တဲ့လှည့်ကွက်ကနေ လွတ်မြောက်ဖို့အတွက်
သူ မူးအောင်ပြန်သောက်ခဲ့တယ်။ ပြီးတော့ သတ်သေဖို့ နည်းအမျိုးမျိုးနဲ့လည်း ကြိုးစားခဲ့တယ်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now