အခန်း-၁ မေ့ကျူးတောင်တွင် ပထမဆုံးတွေ့ဆုံးခြင်း။

Start from the beginning
                                    

သူ၏ အဖြူရောင်အဝတ်အစားများသည် သွေးများဖြင့် စွန်းထင်းနေသဖြင့် သူ့ကို ပို၍ နူးညံ့ပျော့ပျောင်းသော အသွင်ဖြစ်စေသည်။ အလွန်သနားစရာကောင်းတဲ့ မြင်ကွင်းပင်။

စုယန်သည် ထိုလူငယ်တွင် ဒဏ်ရာအသစ်များ ပေါ်လာသည်နှင့်အမျှ ပိုပိုပြီးစိတ်ဝင်စားလာကာ သစ်ကိုင်းပေါ်တွင် တိုက်ပွဲကို ဆက်လက် စောင့်ကြည့်နေခဲ့သည်။ သူ့ဘေးနားရှိ သစ်ကိုင်းထိပ်က သစ်ရွက်ခြောက်တွေကို လက်အပြည့် ဆွဲယူလိုက်ပြီး ပါးစပ်ထဲသို့ ထိုးထည့်လိုက်၏။

သူစိတ်လှုပ်ရှားနေချိန်တွင် တစ်ခုခုကို ဝါးစားတတ်သည့် အကျင့်ဆိုးရှိသော်လည်း ဤနေရာ၌ ပီကေ သို့မဟုတ် ပေါက်ပေါက်မရှိသောကြောင့် အနီးဆုံးအရာဖြစ်တဲ့ အရွက်ခြောက်များကိုသာ လက်တစ်ဆုပ်စာယူပြီး ဝါးစားနိုင်လေသည်။

သူ့နောက်မှာတော့ မိစ္ဆာဂိုဏ်းက ပန်းလက်ထောက်ဟု ခေါ်ဝေါ်တဲ့ သူ့ရဲ့သက်‌တော်စောင့်ဖြစ်သူက သူ့ကို သတိလှမ်းပေးလိုက်သည်။

"သခင်ငယ်လေး.. ဒီသစ်ရွက်တွေရဲ့ အဆိပ်က အကန့်အသတ်ရှိတယ်။ သခင်ငယ်လေးရဲ့ ကျွမ်းကျင်မှု အဆင့်နဲ့ဆို ဒီတောအုပ်တစ်ခုလုံးကိုပြောင်အောင် စားရင်တောင် အဆိပ်သင့်လို့ သေမှာမဟုတ်ဘူး။ ကိုယ့်ကိုကိုယ် သတ်သေမနေနဲ့တော့။ အကြီးအကဲတွေ စိတ်ပူနေလိမ့်မယ်"

အရွက်များ စုယန်၏ပါးစပ်ထဲသို့ ရောက်ရောက် ချင်းမှာပဲ သတိပေးသံထွက်လာတာကြောင့် သစ်ကိုင်းပေါ်ကနေ ကျွမ်းပစ်ကျလုနီးပါး ဖြစ်သွားရသည်။

စုယန် အနည်းငယ် စိတ်ဆိုးသွားရင်း ပြောလိုက်၏။
"ငါပျင်းနေလို့ ဒီနေရာလာတာတောင် လိုက်ချုပ်ချယ်ခံနေရတုန်းလား?"

ပန်းလက်‌ထောက်က အခိုင်အမာ ဆို၏။
"လွန်ခဲ့တဲ့ငါးရက်မှာ သခင်ငယ်လေးက သင့်ရဲ့ 'မရဏပန်း‌ခြောက်ပွင့်' ကျင့်စဉ်မှာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုကို ရခဲ့တယ်။ ဒါပေမယ့် တံခါးပိတ်ကျင့်ကြံမှုအပြီး ထွက်လာတဲ့အခါ သင်အရင်ဆုံး မူးအောင်သောက်ပြီး ချောက်ကမ်းပါးက ခုန်ချဖို့ ကြိုးစားခဲ့တယ်.. ကိုယ့်ကိုကိုယ် ခေါင်မိုးမှာ ကြိုးဆွဲခဲ့တယ်.. အဆိပ်လည်း သောက်ခဲ့တယ်.. နောက်ပြီး ကိုယ့်ကိုကိုယ် ရေနစ်စေခဲ့တယ်... အကြီးအကဲတွေက ဒီလက်အောက်ငယ်သားကို သခင်ငယ်လေးကို စောင့်ရှောက်ပေးဖို့ တောင်းဆိုခဲ့တယ်.. ဒါကြောင့် ကျေးဇူးပြုပြီး မလုပ်ပါနဲ့တော့..."

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now