၁၈ ။ ဟက်စကီး အချစ်

Start from the beginning
                                    

နတ်ဆိုးဘုရင်လေးမှာ မျက်ဝန်းများ လခြမ်းလေးများဖြစ်သည်အထိ ပြုံးလိုက်ပြီး လက်ကိုယမ်းလိုက်သည်။
"ကျွန်တော့်အောင်မြင်မှုက သေးလွန်းပါတယ်! ခင်ဗျားနဲ့ မယှဉ်နိုင်ပါဘူး"

ကျောင်းချီသည် အင်မတန်ပျော်ရွှင်စွာ စကားစမြည်ပြောနေကျသော လူနှစ်ဦးကြည့်ကာ တစ်စုံတစ်ရာတော့လွဲနေသည်ဟု တစေခံစားနေရသည်။ ထင်သည့်အတိုင်းပင် ကျန်းတာ့တျောင်း၏ နောက်စကားတစ်ခွန်းက သူတို့အား အံ့အားသင့်သွားစေခဲ့သည်။
"မင်း အင်ပါယာရဲ့  mech fighter တွေထဲက တစ်ယောက် ဖြစ်လာချင်လား"

ဝမ်မော့ အင်မတန်စိတ်လှုပ်ရှားသွားသည်။
"အဆင်ပြေရဲ့လား"
《 နဂါးငွေ့တန်း ဂုဏ်ကျက်သရေ》အတွက် အတွင်းပိုင်းစမ်းသပ်မှု အရေအတွက်သည် အနည်းငယ်သာ ကျန်တော့သည်။
"ဒါက ရှီးဖေးရဲ့ အတွင်းဝန်ထမ်းတွေအတွက်ပဲလို့ ကန့်သတ်ထားတယ် ကြားတာ၊ ကျွန်တော်က ရှီးဖေးရဲ့ ဝန်ထမ်းမဟုတ်ဘူးလေ"

ကျန်းချန်ဖေး ကျောင်းချီကိုလှမ်းကြည့်ကာ သူ့ထင်မြင်ချက်ကိုတောင်းလိုက်၏။

"သူက အနာဂတ်မှာ ပါ့ကျောင်းလူတွေထဲက တစ်ယောက်ဖြစ်လာမှာပဲ၊ ခင်ဗျား သူ့ငို အကောင့်တစ်ကောင့်ပေးပြီး တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုကနေ ဂိမ်းအသစ်ကို ကြေညာလို့ရတယ်"
ဂိမ်းအသစ်ထုတ်လုပ်မှု လုပ်ငန်းစဉ်အတွင်းကျောင်းချီ အမြဲတမ်း ရှီးဖေး၏ လုပ်ငန်းကိစ္စများတွင် ဝင်ပါရန် သူ့ကိုယ်သူ  ခိုင်းစေခဲ့မိကြောင်း နားလည်သွားခဲ့သည်။ ယခုဂိမ်းကို နောက်လကျ ဒုတိယ စမ်းသပ်မှု ပြုလုပ်တော့မည်ဖြစ်ပြီး ဤအခွင့်အရေးကိုယူကာ ကျော်ကြားလှသော နတ်ဆိုးဘုရင်သည် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု ပလတ်ဖောင်းပြောင်းလဲလိုက်ကြောင်း ကြေညာကာ ဂယက်ကြီးဖန်တီးရန် အခွင့်ကောင်းပင်ဖြစ်၏။ ရလဒ်သည် အင်မတန်ကောင်းမွန်လိမ့်မည်။

သူ့ချစ်ဇနီးလေးစကားနားထောင်ပြီးနောက် ဥက္ကဌလူကြီးမင်း အနည်းငယ် မရွှင်မပျဖြစ်သွားသည်။ သူ့ဇနီးလေးက ဘယ်လိုလုပ် ဒီလို Alpha လေးကို ကာကွယ်နေရတာပါလိမ့်။
Omega လေးက သူ့လောင်ကုန်းဖြစ်တဲ့ ငါ့ဆီကနေ အကျိုးအမြတ်ရအောင် အစွမ်းကုန်လုပ်ပြီးတော့ တခြားသူတွေကိုပေးပစ်နေတယ်!

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now