39

1.7K 157 6
                                    

Zawgyi

"ကိုယ်​တောင်းပန်ပါတယ် ကလေး...
ကျေးဇူးပြုပြီးကိုယ့်အနားကနေထွက်မသွား
ပါနဲ့  ... ကိုယ်မင်းကိုအရမ်းချစ်တာမလို့
ကျေးဇူးပြုပြီးဘယ်မှမသွားပါနဲ့..."

ရင်ခွင်ထဲရှိ ကိုယ်သေးသေးလေးကတောင့်
သွားပြီးကိုယ်လေးကိုကျုံ့ထား၏ ။

"ရိ...ရိပေါ် ...."

သူ့နာမည်ကိုတိုးတိုးလေးခေါ် တဲ့ခါ
ပွေ့ဖက်ထားတဲ့ ကိုယ်လေးကိုငုံ့ကြည့်ရင်း
ပုခုံးနှစ်ဖက်ကိုညင်သာစွာဖိကိုင်ထား
လိုက်တယ်။

ဖိကိုက်ထားတဲ့ ပါးလျလျ စိုရဲရဲနှုတ်ခမ်းပါး
လေးက
တုန်ယင်နေသလို....

ငေးကြည့်နေတဲ့ အလှဆုံးမျက်ဝန်းတွေကို
တစိမ့်စိမ့်ကြည့်ရင်း.....

"ကိုယ့်မှာဘယ်အချစ်ဦး..ငယ်ချစ်ဦးမှလည်း
မရှိခဲ့သလို ဟိုးအရင်ထဲက မင်းပဲရှိခဲ့ပြီး
မင်းကိုပဲချစ်ခဲ့ရတာပါ"

"ရိပေါ် တ..တကယ်ပြောနေတာလား"

"ကိုယ့်ကိုယုံပါ"

"အင်း....ယုံပါတယ်"

လက်ခနဲဖြစ်သွားတဲ့ရိပေါ် မျက်ဝန်းတွေ...
ရွှန်းလဲ့ပြီးတောက်ပနေတာ။အချစ်တွေနဲ့ပေါ့..

"ကိုယ့်ကိုပြန်မချစ်နိုင်မှန်းသိပေမယ့်...."

"ရှူး.."

ဖွေးဆွတ်ဖြူဥနေတဲ့ လက်ညှိုးလေးက
ရိပေါ် နှုတ်ခမ်းပေါ် သို့ရောက်လာခဲ့သည်။

"ပြန်မချစ်နိုင်တာမဟုတ်ပါဘူး ရိပေါ် လို
အဲ့စကားကိုပြောဖို့ သတ္တိမွေးနေတာပါ
အခုလိုမျက်လုံးချင်းဆုံပြီးပေါ့..."

ရိပေါ်  ခေါင်းငြိမ့်ပြမိတာအကြိမ်ကြိမ်။
အချစ်မျက်ဝန်းထဲတွင်ဝေ့သီလာတဲ့မျက်
ရည်များက ခါးကိုတင်းတင်းဖက်ပြီးရင်ခွင်
ထဲ
ကိုယ်တိုင်တိုးဝင်လာတဲ့ကောင်လေးကြောင့်
မြေမခ ခဲ့ပေ။

"စောင့်နေပေးပါ...ပိုပြီးချစ်ကြောင်းပြောမှာ
မလို့..."

"အင်း ကိုယ်မင်းကိုပဲစောင့်နေမှာပါ
ဘယ်လောက်ကြာကြာ ကိုယ့်နှလုံးသားက
မင်းကိုပဲစောင့်နေမှာမလို့....ဒီတိုင်းလေးပဲ
ချစ်တာသိနေရင်ကိုရပါပြီ..."

𝙒𝙖𝙞𝙩𝙞𝙣𝙜 𝙁𝙤𝙧 𝙔𝙤𝙪   ♡⋆♡LOVE♡⋆♡ (Completed)Where stories live. Discover now