Zawgyi
"သား ဘယ်သွားမို့လဲ.."
ညမှလာခေါ် ရန်ပြောထားပေမယ့်
ပေါက်စကိုအခုပဲသွားကြည့်ချင်တာမလို့
ကားထုတ်နေတုန်းရှိသေး ရှေ့မှာပိတ်ရပ်ပြီး
မေးလာတဲ့မား။"မသွားပါနဲ့ သေချာပြီလား ။မနေ့က မား
ပြောတဲ့မေးခွန်းတွေအတွက် မင်းမှာအဖြေ
ရှိပြီလား..""ကျွန်...ကျွန်တော့်မှာအဖြေမရှိသေးပေ
မယ့်....""မင်းသွားခေါ် လည်းဟိုက ရှောင်းရန်ကျိုး
က
သူ့သားသူမရရအောင်ပြန်လာခေါ် မှာပဲ
အဲ့ခါကျ သားကိုတစ်ခုခုထိခိုက်လာရင်
မားတို့ကလည်းငြိမ်နေမှာမဟုတ်ဘူးလေ
အရင်က ရင်းနှီးခဲ့တာတွေအကုန်မထောက်
ကြဘဲ နှစ်ဖက်လုံးထိခိုက်ကုန်မယ်.."မားရဲ့ စကားအဆုံးမှာ နှိုးလက်စကားကိုစက်
ပြန်ပိတ်လိုက်ရသည်။သူ...သူ့မှာအခွင့်ရေးမရှိတော့ဘူးဘဲ။
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘူး။
ရှုပ်ထွေးလွန်းတယ်။ချောင်ပိတ်ခံရတဲ့ခံစား
ချက်...ဒီခံစားချက်ကတကယ်ပဲမွန်းကြပ်စေ
ပြီးဘာလုပ်ရမှန်းမသိတဲ့ထိခံစားရခက်စေ
တယ်။ရွေးချယ်စရာမရှိခဲ့ဘူး......ဆက်တိုက်မြည်နေတဲ့ ဖုန်းသံက
သူ့ရင်ကိုတစ်စစီကြွေမွပျက်စီးစေတယ်။ကိုယ်. .ကိုယ်တောင်းပန်ပါတယ်.....
မဟုတ်ဘူး။သူမှမသွားရင်ဟိုကလေးက
လည်းအိမ်ပြန်မှာမဟုတ်ဘူး။ဒါဆိုတစ်
ယောက်ထဲဖြစ်နေမှာ။အခု. .အခုလောက်ဆိုအမှောင်ထဲ....
ရှန်ယန် ချက်ချင်းထကာ တစ်ခါပြန်ငြိမ်
သက်
သွားတဲ့ဖုန်းကိုယူပြီးတစ်နေရာဆီသို့....။ဆက်တိုက်မြည်လာတဲ့ဖုန်းသံကြောင့်
ဆိုင်ကယ်ကို ပလက်ဖောင်းဘေးတွင်ရပ်
Halmet ကိုချွတ်
ပြီးဂျာကင်အနက်ထဲကဖုန်းယူပြီးကိုင်လိုက်
တယ်။"ရိပေါ် ...မင်း မင်းအခုကျန့်ကျန့်ကိုသွား
ခေါ် ပေးလို့ရလား""သူ သူဘာဖြစ်တာလဲ အခုဘယ်မှာလဲ!"
"ရှောင်းပါးနဲ့ပြဿနာတက်လို့ အပြင်ရောက်
နေတယ်"
YOU ARE READING
𝙒𝙖𝙞𝙩𝙞𝙣𝙜 𝙁𝙤𝙧 𝙔𝙤𝙪 ♡⋆♡LOVE♡⋆♡ (Completed)