13

1.4K 172 1
                                    

Zawgyi

နှစ်ရက်သုံးရက်လောက်အိမ်မှာအချိန်ဖြုန်း
နေရတာပျင်းစရာ။

သင်တန်းစုံစမ်းပေးထားမယ်ဆိုတဲ့လူက
လည်းပေါ်မလာခဲ့။ဖုန်းလေးတစ်ချက်တောင်
မဆက်။သူ့ဘက်ကစခေါ် ရင်လည်း
ရောလွန်း
တယ် ကပ်လွန်းတယ်လို့ထင်မှာ
ကြောက်သည်။

မွေ့ယာပေါ်ပက်လက်လှဲရင်း မျက်နှာကျက်
ဖြူဖြူကိုငေးကြည့်နေတုန်း

ဖုန်းသံကြောင့်ထထိုင်မိတော့သည်။

"Hello! "

"ကျန့်ကျန့်! ကိုယ်အခုအိမ်ဝင်ခဲ့မယ်
ကိုယ် မင်းကြိုက်တဲ့ ဆိုင်က Bakery ဝယ်
လာတယ်"

"အာ...အင်း အင်း"

"အသံကဘာဖြစ်နေတာလဲ..နေမကောင်းဘူး
လား"

"ဟင့်အင်း ကောင်းပါတယ် အပြင်မထွက်ရ
တာကြာလို့ပျင်းနေတာ"

ကိုကို့ဘက်ကတိတ်ဆိတ်သွားပေမယ့်
သူနားလည်ပါတယ်။မအားမှန်းသိပါတယ်။
ပါးကလည်းစောင့်ကြည့်နေတာမလို့
ကိုကိုနဲ့သူခနခနအပြင်ထွက်မရ။

အခုပြောလိုက်တာကလည်းမရည်ရွယ်ပဲ
လွှတ်ခနဲထွက်သွားမိတာ။



"အပြင်ဘက်မှာထွက်စောင့်နေ!ကိုယ်ရောက်
တော့မယ်"

"အင်း"

ဖုန်းကိုကြည့်ကာ ဘာဖြစ်မှန်းမသိ ငိုင်နေမိ
တာအကြာကြီး။

သက်ပြင်းချမိတာတခါတခါခံစားရတဲ့မွန်း
ကြပ်မှုတို့ပါသွားမလားလို့...


"ပါး! ပြန်ရောက်နေတာလား"

အောက်ထပ်ဆင်းလာရင်းဂိုထောင်ထဲမသွင်း
ရသေးတဲ့ခြံထဲကကားကိုမြင်တော့မေးလိုက်
မိတယ်

"အင်းလေ သားပါးကဒီနေ့ ​စောပြန်လာတာ..
သူ့သားတော်မောင်နဲ့စကားပြောချင်လို့နေမှာ
ပေါ့ စာကြည့်ခန်းထဲမှာ.."

"ခနနေသွားလိုက်အုံး..."

"ဟုတ်!"

မားက သူထွက်သွားတာသိပေမယ့်ဘာမှ
မပြောပဲနေတာ ခြံရှေ့မှာရောက်နေတဲ့ကိုကို့
ကားရပ်ထားတာသိနေလို့ဖြစ်မည်။


𝙒𝙖𝙞𝙩𝙞𝙣𝙜 𝙁𝙤𝙧 𝙔𝙤𝙪   ♡⋆♡LOVE♡⋆♡ (Completed)Where stories live. Discover now