19

1.4K 152 10
                                    

Zawgyi

"ဖန်းဖန်း! နင်..နင်ဘာလို့...."

မျက်ရည်အဝိုင်းသားနဲ့ ငေးကြည့်နေသည့်
သူမ...

ပါးနဲ့မားရောက်မလာမှာသိပေမယ့်
သူမကိုလည်းရောက်လာခဲ့ဖို့မမျှော်လင့်ခဲ့ပါ။

စီရင်ချက်ချပြီးသွားရမယ်ဆိုမှအမှီ​လာခဲ့ပုံ
ပါပဲ

သူမကိုကျော်ကာ ဘေးနှစ်ဖက်ကရဲသားနှစ်
ယောက်နဲ့ ထွက်သွားတော့မည့်ရိပေါ်
ချုပ်နှောင်ထားခံရတဲ့အေးစက်စက်
လက်နှစ်ဖက်အားဆုပ်ကိုင်လိုက်ပြီး

"ငါ...ငါမယုံဘူး ။အဲ့တာ နင်မလုပ်ခဲ့ဘူးဆို
တာငါသိနေတယ်"

"အားလုံးပြီးသွားပြီ ဆက်မပြောနဲ့တော့"

"ငါမေးတာဖြေ! ရှန်...ရှန်ယန် နဲ့ဆိုင်တယ်
မလား.."

"အဟား ..ငါ့အပြစ်မလို့ ငါခံနေရပြီမလား
နင်ဘာတွေမေးနေသေးတာလဲ"

"ဒါဆို ရှန်ယန်ကဘာလို့ဒီမှာရှိမနေရတာလဲ!"

ငိုရင်းနဲ့အော်ဟစ်မေးနေတာ။တရားရုံးမှန်း
တောင်အသိစိတ်ဝင်ရဲ့လားမသိ။

"ဖယ်တော့ မိန်းကလေး ငါတို့တရားခံကို
ခေါ်သွားရတော့မှာ"

"ခန ...ခနပါပဲ...ရိပေါ် ...ငါနဲ့ဟိုပေါက်စနင့်ကို
စောင့်နေမယ်"

ထွက်မသွားခင်စိတ်ချမ်းသာအောင်​လှမ်း
အော်ပြောတဲ့​စကား ...

နောင်တရလားဆို...
တစ်ဝက်စီပါပဲ။

ရူးမိုက်စွာနဲ့ ချခဲ့တဲ့ဆုံးဖြတ်ချက်ကမင်းရဲ့
မျက်ရည်တွေကိုမမြင်ချင်လို့....

ထိုဆုံးဖြတ်ချက်ကြောင့်ပဲ ခနလေးအတွင်း
မှာအရာရာဟာပြောင်းလဲခဲ့တယ်။

သူ့ကိုအမြဲဂုဏ်ယူနေခဲ့တဲ့ ပါးနဲ့မား။
အခုတော့မျက်နှာချင်းတောင်မဆိုင်ချင်ကြ
တော့ဘူး။

ဒါ..ဒါတွေကဘယ်သူ့အပြစ်လဲလို့မေးရင်
ဘယ်သူမှမဟုတ်သလိုပဲ။

သေချာစဉ်းစားကြည့်ရင်အပြစ်ကတစ်ခုထဲ

ချစ်မိနေတာကြောင့်ပါပဲ။
သိပ်ချစ်မိသွားရင်ဘယ်လောက်တော်နေနေ
လူတိုင်းရူးမိုက်မိုက်နဲ့ ကန်းတတ်ကြသည်
မလား။

𝙒𝙖𝙞𝙩𝙞𝙣𝙜 𝙁𝙤𝙧 𝙔𝙤𝙪   ♡⋆♡LOVE♡⋆♡ (Completed)Where stories live. Discover now