Zawgyi
ကျဉ်းကျပ်မှုတွေနဲ့...လွမ်းဆွေးမှုတွေနဲ့
လေးနှစ်ကြာပိတ်လှောင်ခံရအပြီးမှာ...
နှလုံးသားကပိုပိုပြီးမွန်းကြပ်မှုဒဏ်ကိုနေ
သား
တကျရှိလာခဲ့တယ်။ကံကြမ္မာကရိုက်ခတ်လာတဲ့ဒဏ်ကိုခံနိုင်ရည်
ရှိဖို့အချိန်တွေကလုံလောက်ခဲ့ပါတယ်...ဆေးရုံမှာတင် နောက်ဆုံးထွက်သွားခဲ့
တဲ့ပါး...ပါးအတွက်နဲ့ သူ့ကိုမမြင်ချင်လောက်အောင်
ဖြစ်သွားခဲ့တဲ့မား...ကုမ္ပဏီတစ်ခုလုံးကိုဝါးမြိုပစ်ကြတဲ့ရှယ်ယာ
ရှင်တွေ။နာမည်ပျက်နဲ့ထောင်ကျသွားလို့
ကဲ့ရဲ့ ရှုံ့ချသူတွေနဲ့အပြစ်မရှိတဲ့ပါးအပေါ် ပဲ
အကြွေးတွေလွှဲချပြီးအားလုံးရင်းပြီးရှင်းခဲ့ရ
တဲ့မား....။အားလုံး...အားလုံးကတစ်စစီ တဖြေးဖြေးနဲ့
ပြိုကျသွားခဲ့တာ....ပြန်ရောက်လာတာ အချစ်ရဲ့ရက်စက်လှတဲ့
ငရဲတွင်းထဲကိုပါပဲ....မှန်ပေါ် ကိုတစ်ပေါက်ပေါက်ပက်ဖြန်းလာတဲ့
မိုးရေစက်တွေ....ချမ်းစိမ့်မှုကိုခံစားလာရပေမယ့်ချက်ချင်းပဲ
Halmet ကိုချွတ်ပြီးခေါင်းမော့လိုက်တယ်။
မျက်နှာပေါ် ကျလာတဲ့မိုးရေစက်တွေက
ရင်ထဲကမွန်းကြပ်မှုတွေကိုအနည်းငယ်အေး
ချမ်းစေသလို။မွန်းကြပ်မှု....
ဒီမွန်းကြပ်မှုတွေကိုဆက်ခံနိုင်ရည်ရှိအောင်
မင်းမျက်နှာကိုခနလောက်မြင်ရမှဖြစ်မယ်။ခြံဝန်းကျယ်ကြီးအနားရောက်မှအရှိန်ကို
လျှော့လိုက်မိတယ်။သူမမြင်နိုင်တဲ့တစ်ထောင့်တစ်နေရာလေးမှာ.
ပြတင်းပေါက်ဝရံတာလေးကိုလှမ်းကြည့်မိ
တော့
တံခါးတွေကိုဖွင့်ထားပြီးအပြင်ကရွာနေတဲ့
မိုးရေစက်တွေကိုငေးနေသူ....အရင်ကထက်မျက်နှာလေးပြည့်လာသလိုပဲ
လက်လေးတွေကတော့သေးသေးလေးမှန်း
အဝေးကကြည့်တာတောင်မြင်နေရတယ်။ရပါပြီ။ဒီလောက်ဆို...တနေ့တာစတင်ဖို့...
နေသာတဲ့နောက်ထပ်နေ့လေးပါပဲ....
YOU ARE READING
𝙒𝙖𝙞𝙩𝙞𝙣𝙜 𝙁𝙤𝙧 𝙔𝙤𝙪 ♡⋆♡LOVE♡⋆♡ (Completed)