Zawgyi
"ဟင့်! ရှုံးသွားပြီ..."
နားကြပ်ကိုဖြုတ်ပြီး
မကျေမချမ်းရေရွတ်မိလိုက်တယ်။
ပြန်လာမယ်ပြောတဲ့သူကမလာသေးတော့
အောက်ဆင်းပြီး Game ဆော့ရုံပေါ့..."ကျန့်ကျန့်...ဟိုမှာ...."
ကောင်တာမှာထိုင်နေတဲ့ လင်ချန်းမေးဆတ်
ပြတဲ့နေရာကိုကြည့်လိုက်တော့
ဆိုင်ထဲဝင်လာသူက....."ရှန်ယန်..."
"ကိုယ်မင်းကိုလာတွေ့တာ..."
ရှန်ယန်အပြုံးနဲ့ ပြောလိုက်ပေမယ့်
မျက်ဝန်းအဝိုင်းသားငေးနေသူကဘာမှ
မတုံ့ပြန်လာခဲ့...အံ့အားသင့်သွားသလိုနှုတ်
ခမ်းနှစ်လွှာကတော့ အနည်းငယ်ဝေးကွာ
သွားသည်။"ခနပဲ.. ပြန်လာမှာမလို့ ရိပေါ် လာရင်..."
"အင်း ပြောထားလိုက်မယ်"
ရှန်ယန်နဲ့ မသွားခင် ကောင်တာမှာစောင့်
ကြည့်နေတဲ့ လင်ချန်းကိုလှမ်းပြောတော့
ဘေးကရှန်ယန်ကမျက်ခုံးများစုကျုံ့ကာ
အလိုမကျသလိုစိုက်ကြည့်နေသည်ဆိုင်ထဲမှမထွက်ခင် ကောင်တာမှာထိုင်နေတဲ့
ကောင်ကို ရှန်ယန်စူးစိုက်ကြည့်ခဲ့လိုက်တယ်။ကျန့်ကျန့်ကဘာလို့ဒီကောင်တွေကိုအသိပေး
ရတာလဲ...
လိုလို့လား။ကားပေါ် ရောက်တော့လည်းဘာစကားမှမ
ပြောပဲငြိမ်နေပြန်တယ်...ပုံမှန်ဆိုလွမ်းနေ
ကြောင်းဆူပုပ်ပြီးပြောမဲ့ကောင်လေးက...အခုတော့ငြိမ်ကျလျက် လိုက်ပါလာတယ်....
ရှန်ယန်ကားကိုလူရှင်းတဲ့တစ်နေရာမှာရပ်
လိုက်
တယ်။နောက် ဘေးမှာငြိမ်သက်နေသူရဲ့
ပုခုံးနှစ်ဖက်အားဆွဲလှည့်ကာ
တင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်တယ်။အရင်လိုပြန်ဖက်တွယ်မလာတဲ့လက်သေး
သေးလေးတွေ....သူ့ရင်ထဲပူလောင်သထက်ပူလောင်နေပြီဖြစ်
သည်။စိတ်ကောက်နေမှန်းသိပေမဲ့...အရင်ကဆို
ဘယ်လောက်ကောက်နေနေ
ကျန့်ကျန့်ကပဲသူ့ကိုစဖက်ပြီးအချော့ခံခဲ့တာ
YOU ARE READING
𝙒𝙖𝙞𝙩𝙞𝙣𝙜 𝙁𝙤𝙧 𝙔𝙤𝙪 ♡⋆♡LOVE♡⋆♡ (Completed)