1

7.4K 350 10
                                    

Zawgyi


စားသောက်ဆိုင်တစ်ခု၏ VIP ခန်းတွင် ။

အအေးခန်းအလယ် စားပွဲဝိုင်းမှထကာမှန်
ကာ
ထားတဲ့ပြတင်းနားရပ်ပြီးအခန်းပေါက်ဝကို
ကျောပေးထားသူ။


ထိုသူက Suit အနက်ကိုစမတ်ကျစွာ
ဝတ်ဆင်
ထားပြီးလက်ကရွှေရောင် Rolex နာရီကို
တစ်
ချက်ငုံ့ကြည့်သည်

"ဘာလို့မလာသေးတာလဲ"ဟုတစ်ယောက်ထဲ
ရေရွတ်နေတုန်းဂျလောက်ဆိုသည့်အခန်းတံ
ခါး
ဖွင့်သံနှင့်အတူ

စက္ကန့်ပိုင်းတွင်းသူ့ခါးပေါ် ရောက်လာတဲ့
လက်
တစ်စုံ။


တစ်ကိုယ်လုံးတောင့်သွားပြီးဘာလုပ်ရမှန်း
မသိ
နဲ့ရင်တွေတဒိန်းဒိန်းဖြစ်နေတုန်း

မွ...

နောက်ကနေ ပါးကိုဖြတ်ခနလာနမ်းတဲ့သူ။

ထိုသူအားကြည့်ဖို့ကိုယ်ကိုနောက်လှည့်ရင်ပဲ
မျက်လုံးအစုံမှိတ်ပြီးသူ့ရင်ခွင်ထဲခေါင်းမှီ
ကာ
ခါးကိုတင်းနေအောင်ဖက်ထား၏ ။


"မင်း..."

"ကိုကို့ ကိုအများကြီးလွမ်းနေတာ.."

ရိပေါ် ဘာပြောရမှန်းမသိ။

တွန်းထုတ်ဖို့လည်းသူ့လက်တွေကမရွေ့ ။


"ဒီကနေ တဒိန်းဒိန်းနဲ့ ဆူညံနေတာပဲ
ဟီး ကိုကိုရင်ခုန်နေတာလား?"

ကျယ်ပြန့်တဲ့ရင်အုံကိုလက်နဲ့ဖိပြီးပြောနေသူ
ဟီးခနဲရယ်ချရင်းပြောတာကတကယ်ကို
ချစ်
စရာ။မျက်နှာမမြင်ရသေးတာတောင်မှပေါ့။

သူ့ရင်ခွင်ကျယ်ထဲရောက်နေတဲ့ သေးညှပ်
ညှပ်ကိုယ်လေး
လက်သေးသေးလေးတွေကလည်းခါးကို
တင်းနေအောင်ဖက်ထားသေးတယ်

ပွယောင်းယောင်းဖြစ်နေတဲ့ဆံသားတွေကြား
က
ရှန်ပူနံ့သင်းသင်း

ထိုအနံ့ကိုသူရှုရှိုက်မိတဲ့တခန ။

တခါမှမခံစားရဖူးတဲ့ရင်ခုန်စိတ်လှုပ်ရှားခြင်း
ကို
ခံစားရသည်။


ကလေးရဲ့ ကျောပြင်လေးအားပြန်လည်ပွေ့
ဖက်
ဖို့လက်ကလှုပ်ရှားဖို့ပြင်နေမိရာကသတိဝင်
လာ၍

𝙒𝙖𝙞𝙩𝙞𝙣𝙜 𝙁𝙤𝙧 𝙔𝙤𝙪   ♡⋆♡LOVE♡⋆♡ (Completed)Hikayelerin yaşadığı yer. Şimdi keşfedin