8

1.7K 199 0
                                    

Zawgyi


"ရှန်ယန်  မင်း​ပြောလို့ရပြီလား"

လေဆိပ်တွင်ဖုန်းဆက်ခဲ့သော စူးယွဲ့
အကြောင်းကိုမေးနေခြင်းဖြစ်သည်။

မနက်ဖြန်ပိတ်ရက်မလို့ Company က
ပြန်ရောက်တာနှင့် ရိပေါ် နဲ့သူ Bar မှာသွား
ထိုင်ဖြစ်ကြသည်။

ထူးဆန်းတာတစ်ခုတော့ရှိနေသည်။ထိုအရာ
က သူငယ်ချင်းအရင်းကြီးဆိုရင်တောင်
Parsonal case ကိုသူမပြောပဲဘယ်တော့မှ
ထုတ်မမေးတတ်တဲ့ရိပေါ် ကယခုကဲ့သို့
မျက်နှာချင်းဆိုင်မေးလာခြင်းကတော်တော်
လေးတော့အံ့ဩစရာကောင်းနေတယ်။



"စူးယြွဲ့ ကငါနဲ့  Club မှာစတွေ့ခဲ့တာ..သူ့ကို
မင်းပြန်ခါနီးတစ်ပတ်လောက်အလိုမှစသိခဲ့
တာဆိုတော့ မင်းကပြန်ဖို့ကိစ္စနဲ့မအားတော့
မပြောပြဖြစ်ခဲ့လို့မသိတာ .."

သူဆက်ပြောမှာကို ရိပေါ်က လက်ထဲရှိ
ဝီစကီခွက်
အားတစ်ချက်မော့သောက်ပြီးနားထောင်နေ
သည်။




"သူ...သူနဲ့ငါတွဲဖြစ်ခဲ့ကြတယ်..."

"ဘာ..မင်းရူးနေလား"

ဒေါသတကြီးထအော်တဲ့ရိပေါ် ကတကယ်ကို
စိတ်တိုနေတာ။ရုတ်တရက်ကြီးဘာထဖြစ်
တာလဲ။ဒါယောကျာ်းတစ်ယောက်တွက်တော့
ပုံမှန်ရိုးရိုးရှင်းရှင်းကိစ္စပဲလေ..

ပြီးတော့စူးယွဲ့နဲ့သူပြတ်ခဲ့ကြသလိုအစထဲက
အတည်တွဲခဲ့တာမှမဟုတ်ပဲ။


"ရှန်ယန်!! မင်း ယုန်ပေါက်ကိုတကယ်ရော
ချစ်တာဟုတ်ရဲ့လား?"

"ဟ ချစ်တာပေါ့ ဘာတွေမေးနေတာလဲ"

"ချစ်ရင်မင်းဘာကိစ္စအဲ့မိန်းမနဲ့ဇယားရှုပ်ခဲ့
လဲ"

"မင်း..ငါပြောတာဆုံးအောင်နားမထောင်ရ
သေးဘူး ဟေ့ကောင်...သူ့ကိုတွဲခဲ့တာ
အကြောင်းရှိတယ်"

"ပြောစမ်းပါဦး လက်ရှိတစ်ယောက်ကိုမေ့ရ
အောင်မင်းကိုအသစ်တွဲစေတဲ့အကြောင်းရင်း
"

ဟ ဒီကောင်ပြောပုံက သူကလူရှုပ်လူပွေကြီး
ကျလို့။ခုမှဘာထဖြစ်နေလဲမသိ။


"သူငါ့ကိုစလိုက်တာ .ငါအစထဲကလက်မခံ
ဘူး ငြင်းပြီးသား! ဒါပေမယ့် သူကငါ့ကိုစိန်
ခေါ် လာတာ..."

𝙒𝙖𝙞𝙩𝙞𝙣𝙜 𝙁𝙤𝙧 𝙔𝙤𝙪   ♡⋆♡LOVE♡⋆♡ (Completed)जहाँ कहानियाँ रहती हैं। अभी खोजें