3

2.2K 243 7
                                    

Zawgyi

မနေ့က ယုန်ပေါက်ကိုမုန့်ဝယ်ကျွေးမယ်ပြော
ထား၍ သူ ကတ်ဆယ်ကတ်လောက်ယူသွား
ရင်ကောင်းမလားဟုတွေးနေသေးသည်။

over ဖြစ်နေမလားဟူသောအတွေးနဲ့ဝေခွဲရ
ခက်နေခဲ့ပေမယ့် နောက်ဆုံးကျသူပိုင်တဲ့
ကတ်မှန်သမျှထည့်ခဲ့လိုက်သည်။

အခုလည်းမှန်ရှေ့ရပ်ကာ ကိုယ့်ပုံစံကို
သေချာ
ပြန်ကြည့်ပြီး ကြည့်ကောင်းမနေမှာစိုး၍
အပေါ် ကုတ် ၊ အောက်ကတီရှပ်အဖြူ ၊
နက်ခ်တိုင်ကိုသေချာပြင်ပြီးတာနဲ့ ဘောင်းဘီ
အနက်ကိုခါးပတ်ပတ်ကာ ခါတိုင်းထက်
smart ကျနေအောင်ပိုဝတ်ထားသည်။

ဘယ်သူ့အမြင်မှဂရုမစိုက်ပေမယ့်လည်း.....
ယုန်ပေါက်ရှေ့မှာတော့ Handsome ဖြစ်
ချင်
နေတဲ့ ကိုယ့်ကိုကိုယ်ဘာကြောင့်လဲလို့
သေချာ
အဖြေမရှာချင်။မရှာရဲ။

တကယ်လို့.....တကယ်လို့သာ သူ ယုန်ပေါက်
ကို ........

ရိပေါ်  ခေါင်းကိုခါရမ်းပြီးထိုအတွေးများ
အား
မောင်းထုတ်ပလိုက်သည်။

ပြီး အိမ်အောက်ထပ်ကိုဆင်းလာခဲ့တော့
ဧည့်ခန်းထဲမှာ ထိုင်ပြီးစကားပြောနေတဲ့မားနဲ့
ရိဖန်းဖန်းကိုတွေ့ရသည်။

"ဖန်းဖန်း နင်အစောကြီးဘာလာလုပ်တာလဲ"

သူမေးတော့ ဖန်းဖန်းကမျက်နှာမဲ့ကာဖြင့်

"ဘာလာလုပ်လုပ်ပေါ့ ! ငါ့မားမားကို
Shopping ထွက်ဖို့လာခေါ် တာ မနက်ဖြန်
ပိတ်ရက်လေ"

အော် ငါ့မားမားတဲ့! အဲ့ဟာမလေးကငယ်ငယ်
ထဲက
အဲ့လိုမျိုးသူ့မားကို လုနေကျ။

ကျောက်မြက်ရတနာအရောင်းဆိုင်ဖွင့်ထား
တဲ့ မားကိုပိတ်ရက်မတိုင်ခင်သူနဲ့သွားဖို့လာ
ခေါ် နေကျပေမယ့် မားကလည်းတစ်ခါမှ
မငြင်းဖူး။အဲ့ဟာမလေးနဲ့လိုက်လိုက်သွားတာ
ကြာတော့ပြောမရလို့ လွှတ်သာထားတော့
တယ်

"မနက်ဖြန်မှသွားမဲ့ဟာ...အခုဆိုင်သွားမဲ့
ငါ့မားကို
နောက်ကျအောင်တမင်လုပ်နေတာမလား"

"သား! ရိပေါ် ရယ် ဖန်းဖန်းကိုစမနေပါနဲ့ "

အဲ့တာပဲ! မားကပါ ဟိုဟာမလေးဘာမှမပြော
ခင်ကြိုပြီးကာတော့တာပဲ။

𝙒𝙖𝙞𝙩𝙞𝙣𝙜 𝙁𝙤𝙧 𝙔𝙤𝙪   ♡⋆♡LOVE♡⋆♡ (Completed)Where stories live. Discover now