Thanks For All 💚❤💛

1.2K 84 12
                                    

My Heart Belongs To A Soldier...

My Heart Belongs To A Soldier

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

18.10.2020 ကနေ စရေးဖြစ်ခဲ့တဲ့ fic လေး 4.11.2021 မှာ ပြီးခဲ့ပါပြီ။

အကြောင်းအမျိုးမျိုးနဲ့
ရေးဖူးသမျှထဲ အချိန်အကြာဆုံးဖြစ်သွားခဲ့ရပါတယ်။ ကြာပေမယ့်လည်း စောင့်ဖတ်ပေးကြလို့ စာချစ်သူတွေကို ကျေးဇူးတင်အားနာရပါတယ်။

ကျန့်ကျန့်ရဲ့ Ace troops အတွက် ဆံပင်အတိုနဲ့ ခန့်ချောနေပုံရယ်၊ ဝမ်ဝမ်ရဲ့ debut စစဥ်က  ဖြူဥနေတဲ့ပုံလေးတွေ မြင်ရင်းက ဂွတီးဂွကျ စစ်သားကြီးနဲ့ ဂျစ်တူးကျမယ့် အချေလေးကို ရေးချင်ခဲ့တာပါ။

ပေါ့ပေါ့ပါးပါး mini story လောက်ပဲ ရည်ရွယ်ခဲ့ပေမယ့် ဖြစ်လေ့ဖြစ်ထရှိတဲ့ အဖြစ်မျိုးတွေ၊ တကယ်ရှိတဲ့ရှိခဲ့ဖူးတဲ့ ဖြစ်ရပ်တွေ၊ နားလည်ရခက်တဲ့ သဘာဝလွန်ဆန်ဆန်အဖြစ်မျိုးတွေနဲ့ ဖြစ်ရပ်မှန်တွေလည်း ထည့်ရေးချင်လာမိတော့ ဇာတ်အိမ်က ထင်ထားတာထက် ကျယ်သွားခဲ့ပါတယ်။

အရင်ရေးခဲ့တဲ့ fic တွေမှာ M_preg ဆိုရင် Topic တည်းကတည်းက ထည့်ခဲ့ပေမယ့် ဒီ fic လေးမှာတော့ ရေးရင်းနဲ့မှ M_ preg ဖြစ်သွားခဲ့တယ်။ M_preg ဆန္ဒမရှိတဲ့ စာချစ်သူလေးတွေ တောက်လျှောက်ဖတ်လာပြီးမှ M_preg ဖြစ်သွားလို့ စိတ်ပျက်စေမိရင်လည်း အားနာပါတယ်။

အဖေတူသားလေးအဖြစ် စောအော်ကို မူလတန်းအရွယ် တီတီတာတာလေးအဖြစ်သာ အစကစဥ်းစားခဲ့ပေမယ့် family life လေးဖြစ်ချင်တာရယ်၊ အဖေ့အမွေ လက်ဆင့်ကမ်းမယ့် သားချောလေး၊ နှစ်များစွာတိုင် နားလည်မြတ်နိုးကြတဲ့ ဗိုလ်ကြီးနဲ့ဝမ်ဝမ်လေးတို့ရဲ့ချစ်ခြင်းတို့ကို ပုံဖော်ဖြစ်ခဲ့ပါတယ်။

လိုက်ဖက်မယ်ထင်တဲ့ သီချင်းတွေ ထည့်ချင်တော့ တစ်ပုဒ်စီနားထောင်လိုက်၊ ပယ်လိုက်၊ ထည့်လိုက်နဲ့ အများကြီးနားထောင်ဖြစ်ခဲ့တာတော့ အမှတ်တရပါပဲ။ အထူးသဖြင့် ဦးထီး(စိုင်းထီးဆိုင်) သီချင်းတွေပါ။ credit ပေးရင်း ရည်မှန်းဂါရဝ​ပြုပါတယ်။

My Heart Belongs To A Soldier_Completed [ Z&U ]Where stories live. Discover now