MHBTAS (52)

3.9K 265 12
                                    

Part (52) U

"နားချိန် လေးဆယ့်ငါးမိနစ်ရမယ်...အချိန်စေ့ရင် တန်းပြန်စီ လူစစ်မယ်...."

"ဟုတ်....."

"တန်းဖြုတ်...."

"............"

ရေတမာပင်ရိပ်တွေမှာ ထိုင်သူထိုင်၊ လှဲသူလှဲနှင့် နားနေကြတုန်း ပိုင်ရှင်းက လက်တို့သည်။ စစ်ရေးပြကွင်းနှင့် လမ်းတစ်ဖက်ခြားမှာက တပ်ဧရိယာထဲမှာပါနေသည့် တောအုပ်လေးဖြစ်သည်။

ပိန္နဲပင်၊ ညောင်ချဥ်ပင်၊ ဆားငံသီးပင်၊ မှန်ကူသီးပင်၊ ဆီးဖြူပင်တို့က လက်ညှိုးထိုးမလွဲ ဖြစ်ထွန်းနေသလို ကင်ပွန်းချဥ်၊ကနစို၊ ရေငန်းတို့ကလည်း အပြိုင်းအရိုင်း။

မိုးဦးကျဆိုလျှင် မာလာဖူး၊ ဖလံတောင်ဝှေး၊ ကြက်ခြမ်းသီး၊ ပတတ်စာနှင့် မျှစ်စို့များကတော့ ဖြူဖြူထွားထွား။ မှိုကျင်းတွေလည်း ပေါသေးသည်။ တောင်ပို့မှို၊ ဖက်ဆွတ်မှို၊ မြက်ကြားမှို စုံ စုံပါလိမ့်။

ကြားသာကြားဖူးပြီး မရောက်ဖူးသေးသည်မို့ ပိုင်ရှင်းနှင့် အဖော်တစ်ချို့ လစ်တော့ မရဲတရဲနှင့်ပင် လိုက်ဖို့ပြင်ရသည်။ break time လေးဆယ့်ငါးမိနစ်ပေးထားသည်မို့ အချိန်ဆွဲနေလို့က မဖြစ်။

အေးစိမ့်မှိုင်းမြနေသော တောတောင်အရိပ်ကြောင့် အမောပြေသွားရသည်။

ပိုင်ရှင်းနှင့်နှစ်ယောက်သား ဟိုဒီ ကြည့်ရင်း ပါလာသည့် လွယ်အိတ်ထဲ ဆားငံသီးတွေ၊ မှန်ကူသီးတွေ၊ ဆီးဖြူသီးတွေ ခူးထည့်သည်။ ပိန္နဲသီးအမှည့်ကတော့ မနိုင်လို့ အမွှာချည်းသာ ခပ်သွက်သွက်နွှာယူခဲ့ရသည်။

တောစပ်မှာ လူပြန်စုံတော့ သူတို့နှစ်ယောက်ကလွဲလျှင် ကျန်သူတွေက အတော်များများခူးလာသယ်လာကြသည်မှာ တပွေ့တပိုက်တွေနှင့်။

"ဟော...တွ...တွ...တွေ့ပြီ...ဆ ဆ..ရာကြီး...သ သ....သင်...တန်း...သားတွေ..ဒ..
ဒီမှာ..."

အထစ်ထစ် အော်နေသော ရဲဘော်အပါအဝင် ရဲဘော်နှစ်ယောက်။ ဟိုးနောက်နားဆီမှာ ခပ်ဖိုင့်ဖိုင့် နည်းပြဆရာကြီး။
ပွဲက လှပြီလားမသိ။

"ဖေ...ဖေ့..."

ပိုင်ရှင်းက အပြေးသွားရင်း မရဲတရဲခေါ်သည်။ ကွင်းအစပ် နားနေဆောင်လေးထဲမှ အမေဖြစ်သူက မတတ်နိုင်ဘူးဟူသော အကြည့်ကြောင့် အားမွေးရခြင်း။

My Heart Belongs To A Soldier_Completed [ Z&U ]Where stories live. Discover now