Part (48) U
နှစ်သစ်မကူးခင်တစ်ရက် (သို့) 31.12.2020
"ဆရာပိုင်ယွိရဲ့ပေါက်မဲကတော့ ရင်မှာအချစ် နံပါတ်တစ်ပါတဲ့ ခင်ဗျ...."
ကိုယ့်ဘာသာခန့်ထားသည့် အခမ်းအနားမှူး ကျောက်လုံရဲ့ အသံဝါကြီးက ခန်းမထဲ တဟိန်းဟိန်း။
"နောက်တစ်ဖန် အလှည့်ကျသူကတော့ တပ်ရင်းအရာခံဗိုလ်ကြီးပါတဲ့...မဲနံပါတ်ကတော့ အချစ်ကလေးပြုံးတဲ့ တစ်လေးသုံးပါ ခင်ဗျ...."
မျက်မှန်ပင့်ကာ ထလာသည့် ဆရာကြီးက လက်ဆောင်ထုပ်ဖောက်ရင်း မျက်နှာကြီး အိုသွားတာကြောင့် ကြည့်မိတော့ စိပ်ပုတီးကြီးနှင့် ဘုရားစာအုပ် ဖြစ်နေသည်မို့ ပြုံးစိစိဖြစ်ကုန်သည်။
"ကျွန်တော်တို့ရဲ့လူပျိုဆောင်က အမာခံ ဆရာကြီး ချိန်စစ်ကတော့ အသစ်မရိုးတဲ့ ရှစ်ဆယ့်ကိုးပါ ခင်ဗျ...."
လူပျိုကြီးက ကလေးပုခက် မဲပေါက်သည်မို့ ရှုံ့ရှုံ့မဲ့မဲ့။
တပ်ရင်းသက်သာဆိုင် တာဝန်ခံကြီးက ဘီယာတစ်ကဒ်ပေါက်လို့ တပြုံးပြုံး။
မသောက်ပဲ ပြန်ရောင်းရင် မြတ်မယ်လေ။ဗလာမပါမဲတွေမို့ အဆင်သင့်ရာသင့်ရာ ပြန်လဲယူကြရတာ ပျော်စရာ။
တပ်ရင်းမှူး ဇနီးမောင်နှံနှင့် အရာရှိစုံတွဲတွေကလည်း တပြုံးပြုံး။
တပ်မိသားစုဝင် စစ်သည်များနှင့် မိသားစုများကလည်း အပြုံးကိုယ်စီနှင့် နှစ်သစ်ကူးပွဲ အမှတ်တရနေ့လေး။ကိုကိုနဲ့ဝမ်လေးကတော့ အပျော်ဆုံးပေါ့...
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မမောနိုင်မပန်းနိုင်နှင့် လက်ဆောင်တွေ ဝေပေးနေကြတာ။
ဘေဂျင်းမှာ မင်္ဂလာပွဲလုပ်ခဲ့သည်မို့ တပ်မှာတော့ အရာရှိအရာခံတွေရော စစ်သည်မိသားစုတွေရောအတွက် ပွဲလေးလုပ်ပေးဖို့ ရည်ရွယ်ခဲ့တာ။
နှစ်စဥ်ကျင်းပမြဲဖြစ်သည့် နှစ်သစ်ကူးညမှာ တပ်ရင်းရံပုံငွေနှင့် မိသားစုတွေကို ပစ္စည်းတွေ မဲဖောက်ပေးတာနှင့် ဆုံနေတာကြောင့် ကြင်စဦးမောင်နှံအတွဲက စာအိတ်နီလေးတွေ လက်ဆောင်ပေးကာ အကင်တွေ ထမင်းပေါင်းတွေ စားကြသောက်ကြနှင့် ပျော်ပျော်ပါးပါး ကျင်းပဖြစ်ကြသည်။
KAMU SEDANG MEMBACA
My Heart Belongs To A Soldier_Completed [ Z&U ]
Fiksi PenggemarZhanYi ❤💚 M_Preg စည်းစနစ်ကျသော စာအုပ်ကြီးသမား ဗိုလ်ကြီး ရှောင်းကျန့်နှင့် တစ်ဦးတည်းသောသား အရစ်တကာ့ ဂျစ်တူးစွာတေးလေး ဝမ်ရိပေါ်တို့ရဲ့ ဘုနဲ့ဘောက် ဂွကျကျ တွေ့ဆုံခြင်းမှသည် ဘာတွေ ဆက်ဖြစ်လာမလဲ ..... #NwayOo 18.10.2020 (12:10) AM ~~~~~~~~~~~~~~~~~ စည္းစ...