Part (58) U
ကြမ်းတမ်းတဲ့ဘဝထဲ ပါရမီဖြည့်ဘက်အဖြစ် ခိုင်ခိုင်မြဲမြဲ လက်တွဲပေးခဲ့လို့...
အထီးကျန်ဘဝထဲ ဝမ်လေးရယ် သားလေးရယ်... မိသားစုလေး ပေးခဲ့လို့...
ကျေးဇူးပါ အချစ်ရယ်...ခပ်ဖွဖွရေရွတ်ရင်း မျက်ဝန်းတို့က ပီတိမျက်ရည်တို့ စိုစွတ်လာသည်။
ထွေးဆုပ်ထားသည့် လက်လေးတွေကို ထိကပ်နမ်းရင်း မျက်နှာဖူးဖူးလေးကို ကြည့်မိတော့ သွေးရောင်လွှမ်းစပြုလာသော နှုတ်ခမ်းလေးများကြောင့် အတန်ငယ် စိတ်သက်သာရသည်။အနှီးထုပ်ထဲမှာ ခြေလက်လေးတွေ လှုပ်စပြုလာသော ပိစိကို မထိရဲထိရဲနှင့် အသာပွေ့ယူရင်း ကြည့်လို့မဝနိုင်။
နှုတ်ခမ်းပါးလေးပြင်ကာ မျက်လုံးပြူးလေးတွေနှင့် နားလည်သည့်ဟန် လိုက်ကြည့်နေသည့် ပိစိလေးကို တစိမ့်စိမ့်ကြည့်ရင်း ရင်ဝယ်တသိမ့်သိမ့်။
"ပါးပါးရဲ့ မွေးနေ့လက်ဆောင်... ဒက်ဒီ့သားလေးရယ်..."
အေးမြတဲ့စမ်းချောင်းလေး တသွင်သွင်စီးနေသကဲ့သို့ ငြိမ်းချမ်းကြည်လင်ရသည်က မိဘမေတ္တာဆိုတာများလား။
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ခြေဆံလက်ဆံရှည်ရှည်၊ နှုတ်ခမ်းပါးပါး မျက်ဝန်းတောက်တောက်နှင့် သားက သူနှင့်ပုံတူ ထုထားသလိုပင်။ အသားလေးဖြူဥနေတာရယ်၊ နှာတံလေးလုံးတာရယ်သာ သူ့ပါးပါးနှင့်တူတာရှိသည်။
"အဲ့....အဲ..."
"အိုး...အိုး...ဒက်ဒီ့သားလေးက ချိုချို ဆာလို့လား...ဟုတ်လား...ပါးပါး နိုးသေးဘူးကွ...ရှူး..."
အဲ့ခနဲ ငိုမယောင်ပြုသည့်သားက သူ့ဒက်ဒီရယ်မြူးသံကြားမှ ငြိမ်တိတ်သွားလေတော့ ဝမ်ဝမ် နှုတ်ခမ်းထော်ပြီ။
![](https://img.wattpad.com/cover/244651284-288-k234144.jpg)
YOU ARE READING
My Heart Belongs To A Soldier_Completed [ Z&U ]
FanfictionZhanYi ❤💚 M_Preg စည်းစနစ်ကျသော စာအုပ်ကြီးသမား ဗိုလ်ကြီး ရှောင်းကျန့်နှင့် တစ်ဦးတည်းသောသား အရစ်တကာ့ ဂျစ်တူးစွာတေးလေး ဝမ်ရိပေါ်တို့ရဲ့ ဘုနဲ့ဘောက် ဂွကျကျ တွေ့ဆုံခြင်းမှသည် ဘာတွေ ဆက်ဖြစ်လာမလဲ ..... #NwayOo 18.10.2020 (12:10) AM ~~~~~~~~~~~~~~~~~ စည္းစ...