Part (25) U
အချိန်တွေက အကုန်မြန်လှသည်။
ဝမ်ဝမ်၊ ဖန်ရှင်း၊ ကောချန်တို့ သုံးယောက်လုံး ဒုတိယနှစ် တက်နေကြရပြီ။
အရင်ထက်စာလျှင် စာတွေပိုများလာသလို စာကြည့်တိုက်ကို အသွားများလာရသည်။
ဒီတစ်ပါတ် ငါးရက်ဆက်ပိတ်ရက်မှာ ဖန်ရှင်းရော ကောချန်ရော အိမ်ပြန်သွားသဖြင့် ဝမ်ဝမ်လည်း မုန့်ဖိုးတောင်းရင်း ဟင်းသယ်ရင်း ဖိုးဖိုးအိမ် ခဏပြန်လာတာ ဖြစ်သည်။
"ငါ မနေ့ကပဲ ရောက်တယ် ကောချန်ကတော့ နည်းနည်းနောက်ကျမယ်တဲ့....."
"ဒါနဲ့ ကျောင်းဖွင့်မှလာမှာဆို...မင်းတို့မရှိလို့ ငါ ဖိုးဖိုးအိမ်မှာ နေနေတာ...မဟုတ်ရင် အဆောင်ပဲ လာလိုက်တယ်..."
"ကိုကိုက ရုံးချုပ်လာစရာရှိလို့ ဘေဂျင်း မှာ နည်းနည်းကြာမယ် ဆိုတာနဲ့နှစ်ရက်ပဲနေပြီး ပြန်လာတာ..."
"အိမ်ကို ပတ်ထွက်လာတယ် ဆိုပါတော့..."
"အမြဲခွဲနေရတာ...အခြေအနေပေးတုန်းလေး တွေ့ချင်တာပေါ့ကွ..."
အခြေအနေ ပေးတုန်းတဲ့လား။
စစ်သားကို ချစ်မိတည်းက လွမ်းနေရတော့တာပဲ ဆိုသည့် ဖန်ရှင်းစကားကို ပြန်သတိရကာ ငြိမ်ကျသွားဆဲ ဖုန်းကျကာ ဖုန်းထပ်ဝင်လာတော့ မျက်လုံးလေးတွေ လက်ခနဲ။"ကိုကို...ထမင်းစားရဲ့လား...နေကောင်းလား...အလုပ်တွေ များနေလား...ရုံးဆင်းပြီလား...."
"ဖြည်းဖြည်းမေးပါ ဝမ်လေးရယ်...မောနေပါ့မယ်...ထမင်းလည်း စားတယ်...နေလည်း ကောင်းတယ်..အလုပ်က ပုံမှန်ပါပဲ...ရုံးကတော့ workaholic ယောက္ခမကြီး မဆင်းခင် မဆင်းရဲဘူး ခင်ဗျ...."
"ကိုကိုး..."
"ဗျာ..."
"သူများ ဖေကြီးကိုနော်..."
"ဘယ်က သူများလဲ..."
"ကိုကို့ချစ်သူ...."
"ကိုကို့ချစ်သူလေး...ဂိမ်းတွေ အရမ်းမဆော့နဲ့...အစားလည်း မှန်မှန်စား...အစပ်တွေလျှော့နော်...ဗိုက်အောင့်မယ်..."
"မွချိပေးရင် ပျောက်တယ်..."
"လူလည်လေး...မွ..."
YOU ARE READING
My Heart Belongs To A Soldier_Completed [ Z&U ]
FanfictionZhanYi ❤💚 M_Preg စည်းစနစ်ကျသော စာအုပ်ကြီးသမား ဗိုလ်ကြီး ရှောင်းကျန့်နှင့် တစ်ဦးတည်းသောသား အရစ်တကာ့ ဂျစ်တူးစွာတေးလေး ဝမ်ရိပေါ်တို့ရဲ့ ဘုနဲ့ဘောက် ဂွကျကျ တွေ့ဆုံခြင်းမှသည် ဘာတွေ ဆက်ဖြစ်လာမလဲ ..... #NwayOo 18.10.2020 (12:10) AM ~~~~~~~~~~~~~~~~~ စည္းစ...