MHBTAS (37)

5.6K 503 61
                                    

Part (37) U

မျက်ရိုးတွေကိုက်ကာ အာခေါင်တွေ ပူတက်လာပြီး နှုတ်ခမ်းတွေက သွေ့ခြောက်လို့နေသည်။

တဲခေါင်းရင်းမှာ ဓါတ်မီးနှင့်အတူချထားသည့် ရေဗူးလေးကို လှမ်းယူသောက်တော့ စိမ့်တက်လာသည်။

စခန်းရုံးနှင့် သုံးခေါက်လောက်ကူးရင်း လုံခြုံရေးပတ်စစ်နေတာ။နှင်းတောထဲ အနေကြာသွားတာနှင့် အကင်းသေစ ငှက်ဖျားက ကျီစယ်ပြီထင်သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

စခန်းရုံးနှင့် သုံးခေါက်လောက်ကူးရင်း လုံခြုံရေးပတ်စစ်နေတာ။
နှင်းတောထဲ အနေကြာသွားတာနှင့် အကင်းသေစ ငှက်ဖျားက ကျီစယ်ပြီထင်သည်။

ကျောပိုးအိတ်ဘေးအကန့်က သံဗူးပြားလေးကို ကောက်မော့လိုက်မှ လည်ချောင်းထဲ ပူရှသွားကာ အချမ်းပေါ့သွားသယောင်။

ကျောပိုးအိတ်ဘေးအကန့်က သံဗူးပြားလေးကို ကောက်မော့လိုက်မှ လည်ချောင်းထဲ ပူရှသွားကာ အချမ်းပေါ့သွားသယောင်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ဗိုလ်ကြီး...ဖျားနေတာလား...."

"အေးကွာ...ငှက်ဖျားထပြီထင်တယ်...."

"ကျွန်တော် ဆေးဗိုလ်ကြီးကို သွားခေါ်လိုက်မယ်..."

"နေနေ...ငါပဲ သွားလိုက်မယ်...."

ပေါက်ချွန်းလာယူရင်း မေးနေသည့် ကျန်းဟူကို လက်ကာပြပြီး ​စောင်ကြားကို ဆွယ်တာပေါ်ပတ်ခြုံရင်း ထွက်လာခဲ့ပြီ။

"တော်ရုံပဲ ကောင်းတယ် ဟောက်ရွှမ်း...ငါ စိတ်မရှည်တော့ဘူး..."

"ဒေါက်တာကလည်း တကယ်အောင့်နေတာပါဆို..."

"စခန်းရုံးကနေ ဆေးခန်းချည်း လာနေတာ....မင်း မရှက်ပေမယ့် ငါ နေရခက်တယ်ကွ...."

My Heart Belongs To A Soldier_Completed [ Z&U ]Where stories live. Discover now