MHBTAS (28)

6.5K 656 101
                                    

Part (28) U

"အချုပ်ပြောရရင်တော့ ဦးစီးတာဝန်ကို ကျေညက်မှ အရာရှိကောင်း တစ်ယောက်ဖြစ်မယ်...အရာရှိငယ်ဘဝမှာ စာတွေ့လက်တွေ့ ရသမျှ အတွေ့အကြုံတွေဟာ နောင်တစ်ချိန်မှာ အဖိုးမဖြတ်နိုင်တဲ့ ရလာဒ်ကောင်းတွေ ဖြစ်ပေါ်လာမယ်လို့ ယုံကြည်တာမို့ ခေါင်းဆောင်ကောင်းဖြစ်အောင် ကြိုးစားကြပါ ..."

သင်တန်းဆင်းပွဲပြီးတော့ ယွီပင်းက သူ့တပ်ရင်းက အမြန်ပြန်ခေါ်နေသောကြောင့် ပြန်သွားပြီ။

ဘေဂျင်းမြေကို မခွာနိုင်သေးသည့် ရှောင်းကျန့်မှာသာ ကုတင်ပေါ် ခြေပစ်လက်ပစ် လှဲချရင်း wallpaper က ရယ်ပြနေသော ပါးဖောင်းလေးကို ထိကပ်နမ်းရင်း သက်ပြင်းရှိုက်မိရတာ။

ကတိတစ်ခုကြောင့် မခွဲသာခွဲခွါနေရသည့် နေ့ရက်တို့က နေမြင့်လေ၊အရူးရင့်လေနှင့် အဆုံးရှုံးမခံနိုင်အောင် နင့်နင့်နဲနဲ ချစ်ခဲ့မိတာ သေချာသထက် သေချာလာရသည်။

Ring..............

"အမိန့်ရှိပါ....အကိုကြီး...."

"အေး...ညီလေးရေ...ကျောပိုးအိတ်အသင့်ပြင်ပြီးသား မဟုတ်လား..."

"ဟုတ်...ဘာထူးလို့လဲ အကိုကြီး..."

"ကျစ်ဖန် အူအတက်ရောင်လို့ကွာ...စခန်းထိုင်သွားဖို့ကို နောက်တန်းမှာက အရာရှိအင်အား နည်းနေတော့...ညီလေး သတင်းပို့ပြီး ကြားစခန်းကို တစ်ခါတည်းသွားဖို့ တပ်ရင်းမှူး ပြောထားတယ်...မနက်ဖြန်ယာဥ်တန်းဖြတ်မယ်...Toll Gate က စောင့်နေ...ဟုတ်ပြီလား...ဘာမရှင်းတာ ရှိလဲ..."

"မရှိပါဘူး..လေးစား...အကိုကြီး..."

ပျော်ရာမနေ တော်ရာနေတဲ့။
သင်တန်းကနေ ကြားဖြတ်သွားရမည်မို့ ထွေထွေထူးထူး မရှိလှပေမယ့် အရင်နှင့်မတူစွာ နှလုံးသားက လေးပင်မွန်းကြပ်လို့နေသည်။

နောက်တစ်နေ့ Toll Gate တပ်ရဲရုံးရောက်တော့ ကြားစခန်းထိုင်မည့် အင်အားနှင့်အတူ ယာဥ်တန်းစောင့်နေတုန်း taxi ပေါ်က ဆင်းပြေးလာသည့် ပုံရိပ်လေးကြောင့် ရင်တွေ ဒိန်းခနဲ။

"ကိုကို........."

"ဝမ်လေး....ဘယ်လိုက ဘယ်လို..."

My Heart Belongs To A Soldier_Completed [ Z&U ]Where stories live. Discover now