Part (1) U
"ဗွမ်း...."
"အသာလုပ်ပါဟ...ကော်ဖီတွေ ဖိတ်ကုန်ပြီ...."
နောက်ခန်းက အသံဆိုးနဲ့အော်နေသော ကောချန်ကို ပြန်မပြောအားသေး။
မျဥ်းကြားနားရောက်ခါနီး အထုပ်အပိုးတစ်ပုံနှင့် လမ်းကူးရန် ပြင်နေသော ကတုံးဆံတောက်နှင့် ဓါတ်တိုင်ကြီးက လည်ပြန်ကြည့်နေပြီ။
မြန်မြန်ပြန်ပါမယ်ဆိုမှ....လေချက်ကွာ....
Audi အစိမ်းလေးပေါ်မှ ခပ်ဝင့်ဝင့်ဆင်းကာ ဆံပင်သပ်တင်ရင်း ကြည့်လိုက်တော့ ဆံပင်တိုတို၊ရှုတည်တည်နှင့် အရပ်မိုးထိုးနေသော လူကြီး။
အိုင်နေသောရေတွေက ကားအရှိန်နှင့် ရေချိုးသလို ရွှဲကုန်သောကြောင့် ရှပ်အဖြူစင်းက ကိုယ်မှာ ကပ်နေကာ ချပ်ရပ်နေသော six pack နှင့် ရင်အုပ်ကျယ်ကျယ်က အထင်းသား။
စတိုင်လ်ပင် အနက် အနားစဆီမှာလည်း ရေစက်တို့ ခိုတွဲလျက်။
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. အနီးကပ်မြင်ရမှ ညိုဝါဝါအသားရောင်က ယောက်ျားဆန်လှစွာ၊ ပိန်တာမဟုတ်ပဲ အဆီမရှိတဲ့ ကြွက်သားတွေချည်းကိုး။
"ကြည့်လို့ ပြီးရင် တောင်းပန်သင့်တယ် မဟုတ်လား...."
"ဘာ...ခင်...ခင်ဗျား....ဘယ်မှာ ကြည့်လို့လဲ..."
နေကာမျက်မှန်ကို ပင့်တင်ရင်း ဗြောင်ငြင်းဆဲ ကားနောက်ခန်းက ကောချန်နှင့် ဖန်ရှင်းတို့ရဲ့ ခွီသံကြောင့် စိတ်တိုလာရပြီ။
"ဒီမှာ...ပလက်ဖောင်းပေါ်က မလျှောက်ပဲ လမ်းမပေါ်ဆင်းလာလို့ ဖြစ်သွားတာ... ခင်ဗျားလည်း လွန်တာပဲလေ..."
"လမ်းကူးမလို့လေ...မီးပွိုင့်နားတောင် အရှိန်မလျှော့တဲ့ မင်းက ပိုလွန်တာမလား...ထားပါ....ကလေးနဲ့ တုဖြစ်မနေတော့ဘူး....."
![](https://img.wattpad.com/cover/244651284-288-k234144.jpg)
YOU ARE READING
My Heart Belongs To A Soldier_Completed [ Z&U ]
FanfictionZhanYi ❤💚 M_Preg စည်းစနစ်ကျသော စာအုပ်ကြီးသမား ဗိုလ်ကြီး ရှောင်းကျန့်နှင့် တစ်ဦးတည်းသောသား အရစ်တကာ့ ဂျစ်တူးစွာတေးလေး ဝမ်ရိပေါ်တို့ရဲ့ ဘုနဲ့ဘောက် ဂွကျကျ တွေ့ဆုံခြင်းမှသည် ဘာတွေ ဆက်ဖြစ်လာမလဲ ..... #NwayOo 18.10.2020 (12:10) AM ~~~~~~~~~~~~~~~~~ စည္းစ...