Is Love Real?? (part17)

103 10 2
                                    

အခုတော့ သင်းကို ဝမ်းနည်းအောင်လုပ်မိလိုက်တာကြောင့် ယွန်းရင်ထဲမှာ ပိုပူလောင်ရပြီး ပို ဝမ်းနည်းနေခဲ့ရတယ်.........

ယွန်း - တစ်ပတ်ကြီးတောင် ငါမနေနိုင်ဘူးဟာ....

ကြယ်စင် - သည်းခံ စောင့်လိုက်ပါ

ယွန်း -ငါတောင်းပန်းချင်တယ် ငါ့ကြောင့်သူဝမ်းနည်းသွားတာ

ကြယ်စင် - တစ်ပတ်ပြည့်ရင် တောင်းပန်လိုက်ပေါ့ သူ့ကို အနားပေးလိုက်ပါဟယ်

ယွန်း - အနားပေးရမယ်....ဟုတ်တယ် ငါကြောင့်ဖြစ်သွားတာ အနားပေးရမယ် ဟုတ်တယ်

ကြယ်စင် - omm တစ်ပတ်ပါဘဲ သည်းခံ

ယွန်း - အေးပါ

ယွန်းလည်း မျက်ရည် တန်းလန်းနဲ့ သင်းကို ပြောခဲ့မိတာတွေပြန်ဖတ်ရင် ကွကိုယ် အရမ်းမုန်းနေခဲ့တယ် ယွန်း သင်းကို ပို့ထားမိတဲ့ စာတွေကိုလည်း ပြန်ဖျက်ခဲ့တယ်.....

ယွန်း သင်းနဲ့အဆက်ဖြတ်ထားတဲ့ တစ်ပတ်အတွင်း လေလွင့်နေတဲ့ နွားမကြီးလို ဘာလုပ်ရ ဘာကိုင်ရမယ်မှန်းမသိဘူးပေါ့ သင်း active လေးကို ကြည့်ရင်း ငိုလိုက် .....group သူဘာတွေပြောနေလဲ ခိုးကြည့်လိုက် သူစာလုပ်ရဲ့လား ချောင်းကြည့်လိုက်နဲ့ပေါ့.....သင်းဘဲ စိတ်ထဲရောက်နေလို့ စိတ်နဲ့လူနဲ့တောင် မကပ်ခဲ့ဘူး.....

ယွန်း - ဟင့် သူ့ကို သတိရတယ် ငိုချင်တယ်

ကောင်းမြတ် - ခံလေ စိတ်လိုက်မာန်ပါပြောတာကို

ယွန်း - ငါမရည်ရွယ်ခဲ့ပါဘူး အခုသူ့ကို သတိရတယ် အရမ်းဘဲ သူအဆင်ပြေရဲ့လား စာလုပ်ရဲ့လားမသိဘူး ........

ကောင်းမြတ် - ၁ ပတ်ဘဲ စောင့်ပါ အဆင်ပြေသွားပါလိမ့်မယ် ကြားထဲမှာတော့ ခံပေါ့ ...

ယွန်း - ရှီဗား!!

ယွန်းလည်း တစ်ပတ်လုံး စိတ်နဲ့လူ မကပ်ဘဲ ငိုနေခဲ့တာ

တစ်နေ့

"သူစာတွေမလုပ်ဘူးဘဲ ဒီလောက် စာလုပ်ဖို့ မှာတာကို မဖြစ်ဘူး အသိပေးရမယ် ဘယ်လို အသိပေးရမလဲ သွားပြောဖို့ကလဲ အဆင်မပြေဘူး....... စဉ်းစားစမ်း......သိပြီ ကောင်းမြတ်နဲ့က Fri ဖြစ်နေတော့ သူ့ဆီက ပြောလို့ရလောက်တယ် ငါအကူညီသွားတောင်းရမယ်" ဆိုကာ

Is Love Real ??Where stories live. Discover now