Is Love Real ??(part 9)

130 11 2
                                    

Anni အတွက် screenshot တွေရိုက်လိုက် edit တွေလုပ်လိုက်နဲ့ယွန်း တစ်ယောက်အလုပ်ရှုပ်နေတာပေါ့

"စဉ်းစားကြည့်မှ ငါ နဲ့ သင်းတို့ရဲ့ couple ပုံလေးမရှိဘူးနော် ဝမ်းနည်းလိုက်တာ"

သင်းနဲ့ ယွန်းတို့က LDRS လေ couple ပုံဆိုတာက မရှိသလောက်ပါဘဲ

သင်း - heyyy သက်ဆိုင်သူလေးဘာလုပ်

ယွန်း - ဘာမှမလုပ်ပါဘူး ဒီအတိုင်း nf ပွတ်လိုက် ဘာလုပ်လိုက်ပေါ့ သင်းကော

ယွန်းအမှန်တော့ video editing အတွက်ပြင်ဆင်နေတာပါ

သင်း - သင်းလည်းဘာမှ မလုပ်ပါဘူး anime ကြည့်နေတာပေါ

ယွန်း - အော်ဟုတ် ထမင်းကောစားပြီးပြီလား

သင်း - စားတော့မှာခဏနေရင်

ယွန်း - ဟုတ် အာ့ဆိုစားလိုက်အုံးနော်

သင်း - ယွန်းလည်း စားလိုက်အုံး

ယွန်း - ဟုတ်ဟုတ်

-------------------------------------------

ယွန်း - ငါ့ကို သက်ဆိုင်သူလေးတဲ့ခေါ်တယ် အမလေး ငါရင်တွေပေါက်ကွဲမတတ်ဘဲ ပျော်လိုက်တာ

ကြယ်စင် - အမယ်" ro ကြပေါ့အေ

ယွန်း - ဟွန့် ro မှာသေချာပေါက်ဘဲ

ကြယ်စင် - အော် အေးပါ"လုပ်ကြပါ

ယွန်း - hehe
------------------------------------------

သင်းက translator group မှာဆိုလည်း ညီမလေးရဲ့ မမဆိုပြီး nickname လေးထားတယ် group ထဲမှာလည်း တစ်ခြား translator တွေနဲ့ စကားပြောရင်း စကားစပ်ရင် ယွန်းကဘယ်လောက်ချစ်ကြောင်း ယွန်းကို ဘယ်လောက်ချစ်ကြောင်းတွေကို ပြောတာ ယွန်း အရမ်းပျော်တာဘဲ သင်းက ယွန်းကို တန်ဖိုးထားတယ်ဆိုတဲ့ခံစားချက်လေးက ဘာနဲ့မှနှိုင်းမပြနိုင်အောင်ပင် အဲ့တာတွေအကုန် ယွန်းသိနေပေမယ့် သင်းကိုမပြောခဲ့ပါဘူး ရှက်တာကြောင့် မသိသလို ဟန်ဆောင်နေခဲ့ပါတယ်

ယွန်းကတော့ translator group နဲ့ မရင်းနှီးတဲ့အတွက် မပြောဖြစ်ပါဘူး အဲ့အစား ယွန်း သူငယ်ချင်းတွေရဲ့ post တွေမှာ "ငါ့မမက ငါ့ကိုဘယ်လောက်ချစ်ကြောင်း ငါ့ကိုဘယ်လောက်တန်ဖိုးထားတယ် ငါကလည်းသူ့ကိုအရမ်းချစ်ကြောင်းတွေကို" လိုက်ပြောပြီး စနောက်တာ အစဉ်အလာလေးတစ်ခုလိုဖြစ်လို့ပေါ့

Is Love Real ??Nơi câu chuyện tồn tại. Hãy khám phá bây giờ