Is Love Real?? (part10)

118 11 0
                                    

ယွန်း - သင်းစိတ်ညစ်နေရင် ယွန်းကိုပြောမှပေါ့ ဘယ်နေ့တည်းကညစ်နေတာလဲ အိမ်ကိစ္စတွေကြောင့်လား တစ်ခြားကြောင့်လား

သင်း - ဒီအတိုင်း အိမ်ကိစ္စပါဘဲ ပြီးရင်အဆင်ပြေသွားပါလိမ့်မယ်

ယွန်း ဘာကိစ္စကြောင့်လဲ ဆိုတာသေချာသိအောင် မေးကြည့်​ပေမယ့် သင်းက သေချာမပြောချင်တဲ့ပုံ မရတာကြောင့် ဆက်မမေးတော့ဘဲ ထားလိုက်တော့တယ် ကိစ္စသေချာသိရရင် သေချာအားပေးနိုင်တာကြောင့်လေ....

ယွန်း - မဟုတ်ဘူးလေ သင်းရဲ့ ပြီးရင် အဆင်ပြေသွားလိမ့်မယ်ဆိုတာကတော့ သင်းပြောမှလား
သိတာပေါ့ ဒါပေမယ့် အခုလိုဖြစ်နေချိန်တော့ ယွန်းကို ပြောသင့်တာပေါ့ အခုလည်း အဲ့လိုဖြစ်တာ ဘယ်နှစ်ရက်ရှိပြီလဲ သင်း အရင်နေ့တည်းက ထူးဆန်းနေမှန်း သိတယ် ဘာကြောင့်မှန်းမသိလို့သာ မမေးဖြစ်တာ rs ဆိုတာကလေ ချစ်မယ် ro မယ် ဒါတစ်ခုဘဲမဟုတ်ဘူးလေ တစ်ခုခု စိတ်ညစ်စရာရှိရင် ရင်ဖွင့်လို့ရတယ် ယွန်း ဘေးကနေရှိနေပေးမှာပေါ့အားပေးမှာပေါ့ ဘာကိစ္စဘဲရှိလာ" တူတူဖြေရှင်းရမှာလေ အားနာစရာမှ မလိုတာ အခု သင်းက မပြောတော့ ဘာဖြစ်မှန်းမသိ ကိုယ့်ကောင်မလေး ဘယ်လိုခံစားနေရ ဘာဖြစ်နေလဲ ယွန်းမသိဘူးလေ အဲ့တော့အဆင်မပြေဘူး အခုဖြစ်တဲ့ ကိစ္စ မှာလည်း အရမ်းစိတ်ညစ်မနေနဲ့ ဒီလိုဘဲ ဖြစ်တတ်တယ် စိတ်ထဲမထားနဲ့နော် သင်းပျော်နေတာဘဲ ယွန်းမြင်ချင်တယ် ယွန်းအရင်ကလို group မှာစကားတွေပြောလိုက် ment တွေရေးလိုက်နဲ့ ပျော်"နေတတ်တဲ့ ကောင်မလေးကိုဘဲ မြင်ချင်တယ် အခုလို ဖြစ်နေတာကိုမြင်ရတာ ယွန်းစိတ်ထဲ မကောင်းဘူး အရင်က သင်းပုံစံလေးကိုဘဲ ပြန်မြင်ချင်တယ် သင်းတစ်ခုခုဖြစ်တိုင်း သင်းဘေးနားမှာ ယွန်းအမြဲရှိနေတာကို မမေ့နဲ့ အရမ်းချစ်တယ်

သင်း - ယွန်းစိတ်မပူနဲ့တော့ အခုအဆင်ပြေသွားပြီ

ယွန်း - ဟင်မြန်တာ

သင်း - ယွန်းပြောတာတွေကြောင့် အားရှိသွားပြီ အခုအရင်လို ပြန်နေတော့မယ် အရင်ကသင်းပြန်လာပြီကွ ဆိုပြီး သင်း စကားပြောပုံကအစ အရင်လိုဖြစ်လာတာ ယွန်းသတိထားမိသွားတယ်

Is Love Real ??Where stories live. Discover now