Is Love Real ?? (part 2)

278 18 0
                                    

ဒီလိုနဲ့ တစ်ပတ်ခန့်ကြာသောအခါ Japan စာ ပညာဒါန group ဟာ စတင်လာခဲ့ပြီး ယွန်းနဲ့ သင်းတို့ရဲ့ ပထမဆုံး online video call တွေ့ဆုံမှုဖြစ်တဲ့ zoom ခေါ်ပြီး စာလုပ်ရန်အချိန်ကလည်း ရောက်ရှိလာခဲ့ပြီပေါ့........

တစ်နေ့သော မနက်ခင်းအချိန်တွင် ယွန်း နိုးထလာခဲ့ပြန်ပြီ လူငယ်ပီ" နိုးထလာသည်နှင့် ဖုန်းအရင်ဖွင့်ကာ fb တွင် nf ပွတ်နေစဉ်....

"ဒီနေ့ကစပြီး ဆရာမတို့ရဲ့ ဂျပန်စာပညာဒါနဟာ စတင်တော့မှာ နေ့စဉ် မြန်မာ စံတော်ချိန်နေ့လည် ၁၁ နာရီတွင် video အသစ်တွေကို တင်ပေးမှာဖြစ်ပြီး ကျောင်းသားကျောင်းသူအားလုံး ပျော်ရွှင်စွာ အတူတူစာလုပ်ကြရအောင်" ဆိုပြီး ပညာဒါန အတန်းဟာ စတင်လာခဲ့ပြီး ယွန်းရဲ့ အတွေးထဲမှာတော့....

"ငါသင်းနဲ့ အတူ Zoom ဝင်ပြီး စာလုပ်ရတော့မှာဘဲ ပျော်လိုက်တာ" ဆိုပြီး မနက်ခင်းအချိန်တွင် ယွန်းရဲ့ မျက်နှာမှာ အပြုံးတွေဝေဆာလျက်...

ခဏကြာသောအခါ-----

ယွန်း - ဟေး နိုးပြီလား ပညာဒါန အတန်း စပြီနော် စာတူတူလုပ်ရတော့မယ် ပျော်လိုက်တာ

သင်း - ဟုတ်လား အတန်းစပြီလား စာတူတူလုပ်ရတော့မှာဘဲ ပျင်းနေလို့မဖြစ်ဘူး ကြိုးစားရမယ်

ယွန်း - haha ဟုတ်ပါပြီ ဒီနေ့ အတန်းဝင်ကြမလား ဒါပေမယ့် ဒီနေ့က ထုံးစံအတိုင်း project ကို trans ရမယ့် ရက်ဖြစ်နေတယ် ဘယ်လိုလုပ်
ပါမလဲ

သင်း- ရတယ်လေ ဘာမှမဖြစ်ဘူး မနက်ဖြန်မှ လုပ်ကြတာပေါ့ ဒီနေ့ trans ကိုသာ ပြီးအောင်လုပ်လိုက်

ယွန်း - ဟုတ် အာ့ဆို မနက်ဖြန်မှ တူတူလုပ်တာပေါ့ အခု trans အမြန် ပြီးအောင်လုပ်မယ် fighting ဆိုပြီး

ယွန်းဟာ တစ်နေ့တည်း trans ကို အမြန်ပြီးအောင် trans ပြီး အကြွေး မကျန်အောင်လုပ်ပါတော့သည် တစ်ဖက် စိတ်ထဲမှာလည်း သင်းနဲ့ အတူတူ စာသင်ရမှာကို အလွန်ပျော်နေသောကြောင့် အမြန်အဆန်ကို လုပ်နေမိတော့သည်........

ဒီလိုနဲ့ ညရောက်လာသောအခါတွင်လည်း ထုံးစံအတိုင်း သွားတိုက်ရန်သတိပေးကာ စကားစမြည်ပြောကြရင်း

Is Love Real ??Hikayelerin yaşadığı yer. Şimdi keşfedin